Tuesday, February 26, 2019

မန္တ​လေး မဟာ​အောင်​​မြေမြို့နယ်တွင် နေအိမ်​ ၁ လုံးမီး​လောင်


မန္တ​လေးမြို့၊ မဟာ​အောင်​​မြေမြို့နယ်​ မဟာအ​နောက်​ အကွက်​ ၅၁၅ ​ညောင်​ပင်​သာရပ်​မှာ ဒီကနေ့ လူနေအိမ်တလုံး မီးလောင်ပျက်စီးသွားပါတယ်​။ 
အိမ်​ရှင်​ဖြစ်​သူ​ ဒေါ်ချိုက “ကျမက ဒီ​နေ့အိမ်​မှာမရှိဘူး အလှူသွား​နေတာ။ အိမ်​ကို​တော့ ပိတ်​ထားခဲ့တယ်​။ ကျမအိမ်​ မီး​လောင်​တယ်​လို့ ​ကြားတာနဲ့ အခုမှပြန်​လာခဲ့ရတာ အိမ်​​အောက်​ထပ်​ ​တော့ မီး​လောင်​ခဲ့တယ်​။ အဝတ်​အစားနည်းနည်းနဲ့ အိမ်​သုံး​ဆောင်​​တွေ​လောက်​ပဲ ​လောင်​သွားတယ်”​လို့​ ​ပြောပါတယ်​။ 

မီး​လောင်​ရာကို အဆင့် ၁ သတ်​မှတ်​ပြီး မီးသတ်​ကား ၁၀ စီး အရန်​မီးသတ်​ ၂၀ သ​န္ဓေ ၃၅ ​ရောက်​နဲ့အတူ မန္တ​လေးခရိုင်​မီးသတ်​တပ်​ဖွဲ့နဲ့ ရပ်​ကွက်နေ ပြည်​သူတွေက ဝိုင်းဝန်း မီးငြှိမ်း သတ်​ခဲ့ကြပါတယ်​။ 

ငွေကျပ်​ ၂ သိန်း​ကျော်​ဖိုးဆုံးရှုံးခဲ့တဲ့ မီးစတင်​​လောင်​ခဲ့တဲ့ အိမ်​ရှင်​ ဒေါ်ချိုကို မီး​ပေါ်ဆမှု ပုဒ်​မ ၂၈၅ နဲ့ အမှတ်​ ၇ နယ်​​မြေရဲစခန်းမှာ အမူဖွင့်အ​ရေးယူထားပါတယ်။








DVB

0 comments:

Post a Comment