Thursday, February 21, 2019

ဂွမြို့နယ်နှင့် မာန်အောင် ကျွန်းကို သဘာဝအခြေခံ ခရီးသွားလုပ်ငန်းအခြေပြုနေရာများအဖြစ်ပြောင်းလဲရန်အချိန်အခါသင့်ပြီဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား


ရခိုင်ပြည်နယ် အတွင်းရှိ ဂွမြို့နယ်နှင့် မာန်အောင်ကျွန်းရှိ မပျက်စီးသေးဘဲ သဘာဝအတိုင်းတည်ရှိနေသည့် ကမ်းခြေများ သည် သဘာဝအခြေခံခရီးသွားလုပ်ငန်း အခြေပြုနေရာများအဖြစ်ပြောင်းလဲရန် အချိန်အခါသင့်ပြီဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဖေဖော်ဝါရီ ၂၂ ရက်တွင်ပြောကြားလိုက်သည်။ 
ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲ (၂၀၁၉)ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကားပြောကြားစဉ် ယင်းသို့ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ 
“အလားအလာကောင်းရှိတဲ့အခြားလုပ်ငန်းတစ်ခုကတော့ ခရီးသွားလုပ်ငန်းဖြစ်ပါတယ်။ ဂွမြို့နယ်နဲက မာန်အောင်ကျွန်းမှာရှိတဲ့ မပျက်စီးသေးဘဲ သဘာဝအတိုင်း တည်ရှိနေတဲ့ကမ်းခြေများကလည်း သဘာဝအခြေခံခရီးသွားလုပ်ငန်းအခြေပြုနေရာတွေအဖြစ်ပြောင်းလဲရန်အချိန်အခါသင့်ပြီဖြစ်ပါတယ်။”ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။ 
ထို့အတူ ယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ရာတွင်လည်း မြောက်ဦး ဒေသကို UNSCO ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ဒေသအဖြစ် အမည်စာရင်းသတ်မှတ်ခံရရန်ဆောင်ရွက်လျက်ရှိသည်။ 
မြောက်ဦးဒေသသည် လူသိနည်းပြီး ရှေ့ရခိုင်မင်းများ၏ ရင်သပ်ရှုမောဖွယ်ရာအလှတရားများနှင့် ခမ်းနားသည့် ဗိသုကာလက်ရာများဖြင့် အသေးစိပ်ထုံမွှမ်းထားသည့် ကမ္ဘာတွင်ဖော်ထုတ်ရန် ကျန်ရှိနေသေးသည့် ဘာသာရေးဆိုင်ရာဒေသကြီးတစ်ခုဖြစ်ပြီး၊ ခရီးသွားလုပ်ငန်းမြှင့်တင်ခြင်းအားဖြင့် ရှေးရခိုင်မင်းများ၏ ကြွယ်ဝလှသည့် ယဉ်ကျေးမှုနှင့် အနုသုခုမ ဆိုင်ရာ ထွန်းကားခံ့ညားထည်ဝါမှုပြယုဂ်ကို ပြင်ပကမ္ဘာတွင် ပိုမိုသိရှိနားလည်နိုင်မည်ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားခဲ့သည်။ 

The Ladies News

0 comments:

Post a Comment