Monday, February 4, 2019

"အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီဖွဲ့ရန်အဆိုကို ဆွေးနွေးချက်" (ဦးစိုင်းထွန်းအေး မိုင်းရှုးမဲဆန္ဒနယ်)


ကမ္ဘာ့နိုင်ငံတွေမှာ ဖွဲ့စည်းပုံတွေကိုအကြိမ်ကြိမ် ပြန်လည်ပြင်ဆင်တာတွေရှိပါတယ်။ ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ မြန်မာနိုင်ငံမှာလည်း ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ လိုအပ်လာပါတယ်။
ပြည်သူများ လိုလားတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်ဖို့ တိုင်းနဲ့ပြည်နယ်တွေကြားမှာ သယံဇာတတွေကိုမျှတစွာ ခွဲဝေဖို့ လက်ရှိအခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုပါတယ်။ 

တပ်တော်က ဖွဲ့စည်းပုံကိုကာကွယ်စောင့်ရှောက်ဖို့ အဓိကတာဝန်ရှိတယ်ဆိုတဲ့နေရာက ရပ်တည်နေတာမှာလည်း နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ပိုပြီးတည်ဆောက်ပေးနိုင်မယ့် ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်ဖို့က ပိုပြီး အရေးကြီးတယ်ပါတယ်။ 

လက်ရှိကျင့်သုံးနေတဲ့ ဖွဲ့စည်းပုံဟာ အနာဂတ်မှာ တည်ဆောက်မယ့် ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့ မကိုက်ညီခြင်း ၊ နောက်ခံသမိုင်းမတူတဲ့ ပြည်နယ်နဲ့ တိုင်းတွေရဲ့ တင်းကြပ်စွာ ချုပိကိုင်ထားခြင်း ဗမာစာတစ်မျိုးတည်းကိုသာ ရုံးသုံးအဖြစ် သတ်မှတ်ထားခြင်းစတာတွေ အပါအဝင် ပြင်ဆင်ရန်လိုအပ်တာတွေ ရှိနေတဲ့အတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အနေဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကော်မတီဖွဲ့ဖို့အဆို ကို ထောက်ခံပြီး ကော်မတီမှာလည်း တက်ကြွစွာ ပါဝင်သွားမှာဖြစ်ပါတယ်။

7Day

0 comments:

Post a Comment