Thursday, March 28, 2019

ရွေး​ကောက်​ပွဲဆိုင်ရာ အချက်အလက်များ ကြိုသိနိုင်မှုကိုအသုံးချ၍ အာဏာရပါတီက လိုသလို ကစားနိုင်


ရွေး​ကောက်​ပွဲတစ်​ခုတွင်​ ​ရွေး​ကောက်​ပွဲဆိုင်​ရာ အချက်​အလက်​များနှင့် ရွေးကောက်ပွဲအချိန်ဇယား ကြိုတင်​သိရှိမှုကို အသုံးချ၍ လက်ရှိ​အာဏာရပါတီက လိုသလို ကစားသွားနိုင်​​​ကြောင်း ​ရွေး​ကောက်​ပွဲဆိုင်​ရာ ပြည်​သူ့လှုပ်​ရှားမှုအဖွဲ့၏ အမှုဆောင်​ ဒါရိုက်​တာ ဦးစိုင်း​ရဲ​ကျော်​စွာမြင့်​က ​ပြောသည်​။ 
ယခုလ (၂၈) ရက်​က ရန်​ကုန်​မြို့၊ Parkroyal Hotel တွင်​ ​ရွေး​ကောက်​ပွဲဆိုင်​ရာ ပြည်​သူ့လှုပ်​ရှားမှုအဖွဲ့နှင့်​ ဖန်​တီးအိမ်​အဖွဲ့တို့ ပူး​ပေါင်းပြုလုပ်​​သော ၂၀၁၈ ခုနှစ်​၊ ကြားဖြတ်​​ရွေး​ကောက်​ပွဲ ​လေ့လာ​စောင့်​ကြည့်​မှု အစီရင်​ခံစာ ထုတ်​ပြန်​ပွဲ၌ ယင်းသို့ ​ပြောဆိုခဲ့ခြင်း ဖြစ်​သည်​။ 
" သီရိလင်္ကာမှာဆို သမ္မတက သူရဲ့ Popularity Rating ကို စစ်​တမ်း​ကောက်​လိုက်​တယ်​။ သူ့ Rating အရမ်းကျ​နေတဲ့အခါ ​ရွေး​ကောက်​ပွဲကို တစ်​လ ​နောက်​ဆုတ်​လိုက်​တယ်​။ ထိုင်းမှာ ဖြစ်​သလိုပါပဲ။ သူ့ရဲ့ Rating အရမ်းကျတယ်​၊ သူဟာ မနိုင်​နိုင်​ဘူး၊ သက်​ဆင်​ရဲ့ ပါတီက ပိုပြီး​တော့ Popularity မြင့်​တဲ့အခါ ​ရွေး​ကောက်​ပွဲကို သုံးလ ​နောက်​ဆုတ်​တယ်​။ သူ့ Popularity မြင့်​လာ​အောင်​လုပ်​တယ်​။ ထပ်​ပြီး​တော့ စစ်​တမ်း​ကောက်​ကြည့်​တယ်​။ ဆို​တော့၊ ဒါဟာ ကစားလို့ရ​နေတယ်​ " ဟု ဦးစိုင်း​ရဲ​ကျော်​စွာမြင့်​ က ​ပြောသည်​။ 
ယင်း​ကြောင့်​ ​ရွေး​ကောက်​ပွဲ ကျင်းပမည့်​​နေ့ အပါအဝင်​ လုပ်​ငန်းစဉ်​ အ​သေးစိတ်​၏ အချိန်​စာရင်း၊ မဲရုံတည်​နေ​ရာ၊ မဲဆန္ဒရှင်စာရင်း စသည့်​ ​ရွေး​ကောက်​ပွဲ ဆိုင်​ရာ အချက်​အလက်​များကို တစ်​ချိန်​တည်း တစ်​ပြိုင်​နက်​ ထုတ်​ပြန်​​ကြေညာမှသာ ဝင်​​ရောက်​ယှဉ်​ပြိုင်​မည့်​ နိုင်​ငံ​ရေးပါတီများနှင့်​ ကိုယ်​စားလှယ်​​လောင်းများ အ​နေဖြင့်​ ပြင်​ဆင်​မှုများကို ကြိုတင်​ပြုလုပ်​နိုင်​ပြီး အရပ်​ဘက်​အဖွဲ့အစည်းများ အ​နေဖြင့်​လည်း မဲဆန္ဒရှင်​ အသိပညာ​ပေးလုပ်​ငန်းများ၊ ​စောင့်​ကြည့်​​လေ့လာမှုနှင့်​ သု​တေသန လုပ်​ငန်းများကို ထိထိ​ရောက်​​ရောက်​ ​ဆောင်​ရွက်​နိုင်​မည်​ဖြစ်​​ကြောင်း အစီရင်​ခံစာက ဆိုသည်​။ 
" ၂၀၂၀ ​ရွေး​ကောက်​ပွဲက ဘယ်​​နေ့ လုပ်​မလဲ ကျွန်​​​တော်​တို့ မသိဘူး။ ဒါဟာ ​ကောင်းတဲ့ Practice မဟုတ်​ဘူး။ ​ရွေး​ကောက်​ပွဲကို ဘယ်​သူက ပိုပြီး အလွယ်​တကူသိနိုင်​လဲဆိုရင်​ အာဏာရ​နေတဲ့ အစိုးရက ပိုပြီး​တော့မှ သိမယ်​။ ဒါဟာ ၂၀၁၅ မှာဖြစ်​ခဲ့တဲ့ Case ။ အ​ခြေခံဥပ​ဒေအ​ရ နိုဝင်​ဘာ၊ ဒီဇင်​ဘာ၊ ဇန်​နဝါရီ၊ ​ဖေ​ဖော်​ဝါရီမှာ ဖြစ်​နိုင်​တယ်​လို့ ​ပြောလို့ရတယ်​။ ဒါ​ပေမဲ့ ဘယ်​​နေ့လုပ်​မလဲဆိုတာ မသိဘူး။ ​ရွေး​ကောက်​ပွဲ တစ်​လ နှစ်​လ ​ရွေ့ဆိုင်းတာ၊ ​နောက်​ဆုတ်​တာဟာ ​ရွေး​ကောက်​ပွဲ Landscape ကြီးတစ်​ခုလုံးကို ​ပြောင်းလဲသွားနိုတယ်​ " ဟု ၎င်းက ဆက်​လက်​​ပြောဆိုသည်​။ 
ရွေး​ကောက်​ပွဲ​ကော်​မရှင်​ကို သမာသမတ်​ကျစွာ လွတ်​လပ်​စွာဖွဲ့စည်းရန်​၊ ​မဲဆွယ်​စည်းရုံး​ရေး ရန်​ပုံ​ငွေ ရယူလက်​ခံခြင်းနှင့်​ ပတ်​သက်​၍ တိကျသည့်​ လုပ်​ထုံးလုပ်​နည်းများ ပြဌာန်းရန်​၊ ဌာန/အဖွဲ့အစည်းများတွင်​ ကြိုတင်​မဲ​ပေးသည့်​ စနစ်​ကို ပယ်​ဖျက်​၍ ​ရွေး​ကောက်​ပွဲ​ကော်​မရှင်​ကသာ ​​ဆောင်​ရွက်​ရန်​၊ ကြိုတင်​မဲများအားလုံးကို သက်​ဆိုင်​ရာ မဲရုံများသို့ ​ပေးပို့​ရေတွက်​ရန်​ စ​သော အချက်​များကိုလည်း အစီရင်​ခံစာက အကြံပြုခဲ့သည်​။ 
ထို့အတူ နိုင်​ငံ​ရေးပါတီများအ​နေဖြင့်​ လ​က်​ရှိ ​ရွေး​ကောက်​ပွဲဥပ​ဒေ မူ​ဘောင်​ကို ပြန်​လည်​သုံးသပ်​ကာ ပြုပြင်​​ပြောင်းလဲရန်​လိုအပ်​သည့်​ ဥပ​ဒေ၊ နည်းဥပ​ဒေနှင့်​ လုပ်​ထုံးလုပ်​နည်းများကို အချင်းချင်း ညှိနှိုင်းတိုင်​ပင်​ထားကြရန်​လည်း အစီရင်​ခံစာက တိုက်​တွန်းခဲ့သည်​။ 

The Nyang News

0 comments:

Post a Comment