Sunday, March 31, 2019

မိုးကုတ်မြို့ အနောက်ပိုင်းတွင် ကျောက်မျက်ရတနာကုမ္ပဏီတစ်ခုအား မီးရှို့မှုဖြစ်ပွား


မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ အနောက်ပိုင်း ဘောလုံးကြီးရွာအနီး ကျောက်မျက်ရတနာကုမ္ပဏီတစ်ခုနှင့် ကျောက်မျက်ရတနာရှာဖွေသည့် ဒေသခံ လုပ်သားများ မတ်လ ၃၁ ရက်နေ့ညပိုင်းက ပဋိပက္ခဖြစ်ကာ မီးရှို့မှုဖစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည် ။ 
ဋ္ဌေး ကျောက်မျက်တူးဖော်ရေးကုမ္ပဏီ​သည် ၄င်းတို့၏ ရှာဖွေပြီးသား ခဲစာများကို ဒေသခံ ရွာသား​များအား ရှာဖွေခွင့်ပေးခဲ့ပြီး မတ်လ ၃၁ ရက်နေ့ နေ့လည်ပိုင်းက စတင်၍ ကုမ္ပဏီကို လုံခြုံရေးယူပေးသည့် တပ်မတော်သားများ နှင့် မန်နေဂျာတို့ ပေါင်း၍ ရှာဖွေခြင်းမပြုရန်တားစီးခဲ့ကြောင်း သိရသည် ။ 
``ဖြစ်တာက နေ့ခင်းကတည်းက နှစ်ဖက်တင်းမာတာ ။ အရင်က ရှာခွင့်ပေးတဲ့ ခဲစာတွေကို မရှာနဲ့ ပြန်ဆိုပြီး တပ်နဲ့ မန်နေဂျာက ပေါင်းတားတော့ ဒေသခံတွေက ပေါက်ကွဲပြီး နှစ်ဖက်ထိပ်တိုက်တွေ့တာပဲ။ ဒါနဲ့ လာသမျှကားတွေ ခဲနဲ့ထုတာလုပ်တယ် ။´´ ဟု မိုးကုတ်မြို့ ဒေသခံတစ်ဦးဖြစ်သည့် ဦးစိုးဋ္ဌေး က ပြောသည် ။ 
ထိုသို့ ပဋိပက္ခဖြစ်ပွားစဉ် ဒေသခံ ကျောက်ရှာသူများအနေဖြင့် မီးသတ်ကားများကို မီးညှိမ်းသတ်ခွင့်မပေးခဲ့သော်လည်း ခဏအကြာတွင် ခွင့်ပြုပေးခဲ့ကြောင်း သိရသည် ။ 
မိုးကုတ်မြို့ရှိ ကျောက်မျက်ရတနာတူးဖော်သည့် ကုမ္ပဏီများကို ကျောက်မျက်ဦးစီးဌာန က ကွပ်ကဲမှုများပြုလုပ်ပြီး လုပ်ကွက်များအတွင်းသို့ လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် အခြားသော ဌာနဆိုင်ရာများဝင်ရောက်လေ့လာရန်ခက်ခဲကာ ကိုယ်ပိုင်လုံခြုံရေးချထားကြောင်း သိရသည် ။ 
ဋ္ဌေး ကုမ္ပဏီသည် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့၏ စီးပွားရေးတာဝန်ခံက လုပ်ဆောင်နေသည့်ကုမ္ပဏီတစ်ခုဖြစ်ပြီး သက်တမ်းကုန်ဆုံးနေသည့် ကုမ္ပဏီဖြစ်ကြောင်း သိရသည် ။



နိုင်လင်းဦး 
The Fifth Wave News 

0 comments:

Post a Comment