Saturday, March 30, 2019

အဂတိလိုက်စားလျှင် နယ်ပြောင်းသည့်ဝန်ထမ်းများရော၊ အငြိမ်းစားယူသွားသူများကိုပါ ပင်စင်သိမ်းပြီး ဖမ်းဆီးထောင်ချမည်ဟု ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ပြော


အဂတိ လိုက်စားပြီး နယ်ပြောင်းသည့်ဝန် ထမ်းများရော၊ အငြိမ်စား ယူသွား သူများကိုပါ ပင်စင်သိမ်းပြီး ဖမ်းဆီး ထောင်ချမည်ဖြစ်ကြောင်း ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း က ပြောကြားသည်။ 
မတ် ၂၉ ရက် မွန်းလွဲပိုင်းက ကျောက်တံခါးမြို့နယ် ကြာအင်း ကုန်းကျေးရွာ၌ ကျင်းပသော ပဲခူး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်း သိန်း ဦးဆောင်သော တိုင်းဒေသ ကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများ တိုင်း/ခရိုင်/မြို့နယ်အဆင့် တာ ဝန်ရှိသူများနှင့် ကြာအင်းကုန်းကျေး ရွာ လူထုတွေ့ဆုံပွဲတွင် အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြော ကြားသည်။ 
''အဂတိနဲ့ပတ်သက်ပြီး အရေး ယူမှုတွေကို သေသေချာချာ ကိုင် တွယ်နေပါတယ်။ မြို့နယ်အုပ်ချုပ် ရေးမှူးတွေထဲမှာ နှစ်မြို့နယ်ကို အဂ တိအမှုနဲ့ အရေးယူထားပါတယ်။ ကိုယ်တို့တိုင်းထဲမှာ ပြည်သူတွေရဲ့ တိုင်ကြားမှု မှန်မှန်ကန်ကန် ဖြစ် တယ်ဆို အဂတိက လုပ်ထုံးလုပ် နည်းနဲ့အညီ ဆောင်ရွက်တာပါ။ ကျွန်တော်တို့ အပိုင်း၊ အဂတိအပိုင်း၊ အဓိကကတော့ အုပ်ချုပ်ရေး ကဏ္ဍပေါ့နော်။ ဒါ ထွေ/အုပ်ကို အဓိက တာဝန်ယူတဲ့ ပြည်ထောင်စုဝန်ကြီးဌာန ရှိတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနကနေ ကိုင်တွယ်တယ်။ ကျွန်တော်တို့က တော့ အုပ်ချုပ်ရေးအလို့ငှာ သုံးစွဲ တာပေါ့။ ဒီအုပ်ချုပ်ရေး ဌာနဟာ ကျန်တဲ့ဌာနနဲ့ ပေါင်းစပ်တဲ့ အခါ မှာ ကျွန်တော်တို့ အစိုးရအဖွဲ့ရုံးထဲမှာ ထားပြီးတော့ ပြည်သူလူထုအတွက် အရေးကိစ္စတွေကို ဆောင် ရွက်တာပါ။ ကျွန်တော် ခုနကပြောတဲ့ အုပ်ချုပ်ရေး၊ မြေယာကိစ္စ၊ စီးပွားရေးကဏ္ဍတို့ ပြည်သူလူထုနဲ့ ပတ်သက်တဲ့ အခက်အခဲပြဿနာ တွေကို ဖြေရှင်းတဲ့နေရာမှာ အုပ်ချုပ်ရေးကဏ္ဍက အရေးအကြီးဆုံးပါ။ ပြည်သူ့ရှေ့မှောက်မှာ အဂတိ လိုက်စားပြီး နယ် ပြောင်းရွှေ့သွားတဲ့၊ ပင်စင်ယူသွားတဲ့ ဝန်ထမ်းတွေကို အလွတ်ပေးမည်မဟုတ်ဘဲ နောက်မှလိုက်၍ ပင်စင်သိမ်းခြင်း၊ ဖမ်းဆီးထောင်ချခြင်း ပြုလုပ်မှာဖြစ် ပြီး၊ ဝန်ထမ်းများအနေနဲ့ ပြည်သူဘက်သို့ မျက်နှာပြန်လှည့်ကြည့်ရ မှာဖြစ်ပါတယ်''ဟု ဝန်ကြီးချုပ်က ပြောကြားသည်။ 
လူထုတွေ့ဆုံပွဲများ ပြုလုပ်ရ ခြင်းမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ညွှန်ကြားချက်အရ အောက် ခြေတွင် ပြည်သူလူထု ကြုံတွေ့နေရသော မြေယာပြဿနာ၊ နိုင်ငံရေး ပြဿနာ၊ အုပ်ချုပ်ရေးပြဿနာများ သိရှိနိုင်ရန်နှင့် လူထုအသံအား နား ထောင်၍ ချက်ချင်းဖြေရှင်းဆောင် ရွက်သင့်သည်များကို ချက်ချင်းဆောင် ရွက်ပေးနိုင်ရန် လူထုတွေ့ဆုံပွဲ ပြု လုပ်ရခြင်းဖြစ်ကြောင်း ဆက်လက် ပြောကြားသည်။ 
အဆိုပါ တွေ့ဆုံပွဲသို့ ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ပြီး လယ်ယာမြေပြဿနာများ၊ လမ်းတံတား၊ ပညာရေး၊ ကမ်းပါးပြိုမှု စသည်တို့ ကို တင်ပြတောင်းဆိုခဲ့ကြပြီး တင် ပြတောင်းဆိုချက်များအပေါ် ဝန် ကြီးချုပ်မှ ဌာနဆိုင်ရာများအား ဖြေ ရှင်းဆောင်ရွက်ပေးရန်၊ တင်ပြရန် စိစစ်ကွင်းဆင်းရန်များအား ညွှန် ကြားခဲ့ကြောင်း သိရသည်။ 

MMN/ #DemocracyToday

0 comments:

Post a Comment