Sunday, March 31, 2019

ရွေးကောက်ပွဲ ရလဒ် မထုတ်ပြန်သေးလို့ ဘန်ကောက်မှာ ဆန္ဒပြ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်မှာ အတိုက်အခံအဖွဲ့တွေက ရွေးကောက်ပွဲရလဒ် မထုတ်ပြန်နိုင်သေးပဲဖြစ်နေတဲ့ ရွေးကောက်ပွဲကော်မရှင်ကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ 
မတ်လ ၂၄ ရက်နေ့ ရွေးကောက်ပွဲပြီးလို့ သီတင်းတစ်ပတ်ကြာတဲ့အထိ မဲစာရင်းရလဒ်ကို ရွေးကောက်ပွဲ ကော်မရှင်က မထုတ်ပြန်နိုင်သေးပဲ မေလ ၉ ရက်နေ့ကို ရွှေ့ဆိုင်းလိုက်ပါတယ်။ 

မနေ့ကတော့ ဘန်ကောက်မြို့လယ်မှာ အတိုက်အခံအဖွဲ့တွေက နှစ်နေရာခွဲပြီး ဆန္ဒပြခဲ့ကြပါတယ်။ အလိမ်အညာတွေရပ်၊ ပြည်သူလူထုကို လေးစားပါ စတဲ့ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြတာပါ။ တစ်ဖွဲ့စီမှာ လူအင်အား တစ်ရာကျော်လောက်သာရှိပေမယ့် တက်တက်ကြွကြွ ဆန္ဒပြနေကြတာဖြစ်တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ 

ဒါ့ပြင် လမ်းသွားလမ်းလာတွေကိုလည်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေကို ဖြုတ်ချရေး လက်မှတ်တွေ ကောက်ခံခဲ့ကြပါတယ်။ 

ဒီအတွင်း ထိုင်းဘုရင် မဟာ ၀ဇီရာလောင်ကွန်က ပြည်ပရောက် ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို အရင်က ချီးမြှင့်ခဲ့တဲ့ တော်ဝင်အဆောင်အယောင်တွေကို ပြန်လည်ရုတ်သိမ်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း သက်ဆင်ကို စစ်တပ်က အပ်နှင်းခဲ့တဲ့ စစ်ရေးဆိုင်ရာ ဆုတစ်ခုကို ထိုင်းစစ်တပ်က ပြန်လည်ရုတ်သိမ်းခဲ့ပါတယ်။ 

Photo: Jewel SAMAD / AFP
RFA

0 comments:

Post a Comment