Sunday, March 31, 2019

"အင်းစိန်တွင် ဒီချုပ်ကိုယ်စားလှယ်လောင်းက ပါတီရင်ထိုးထိုး၍ မဲရုံအတွင်း ဝင်ရောက်မှု ဖြစ်ပွား"



အင်းစိန်မြို့နယ် ရွာမအနောက်ရပ်ကွက်ရှိ အလက(၁၀) စာသင်ကျောင်းမဲရုံတွင် NLD ပါတီကိုယ်စားလှယ်လောင်းတစ်ဦးက မဲရုံ အတွင်း ပါတီရင်ထိုးတံဆိပ်ထိုးကာ ဝင်ထွက် သွားလာခြင်းနှင့် မဲစာရင်းကူရှာပေးခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း တသီးပုဂ္ဂလကိုယ်စား လှယ်လောင်း ဦးထင်အောင်ကျော်ထက်က ပြောသည်။ 
"မဲစာရင်းတွေကို NLD ပါတီက ကိုယ်စား လှယ်ကဝင်ရှာပေးတယ်။ နောက်ပြီး မဲပေး ဖို့လာတဲ့သူတွေကို တင်းတင်းမာမာဆက်ဆံ တယ်။ နောက်တစ်ခုက ပါတီကိုယ်စားလှယ် လောင်းက ပါတီရင်ထိုးထိုးပြီး မဲရုံထဲကို ဝင်တယ်။ကိုယ်စားလှယ်လောင်းဖြစ်ရင် ဥပဒေ နည်းဥပဒေအရ ရင်ထိုးထိုးခွင့်မရှိ ဘူး။ ကော်မရှင်က ဘယ်လိုအရေးယူသွား မလဲဆိုတာ စောင့်နေတယ်" ဟု ၎င်းကပြော သည်။ 

အဆိုပါအခြေအနေများကြောင့် မဲလာပေး သည့်ပြည်သူများမှာ မဲမပေးဘဲ မဲရုံအတွင်း မှ ပြန်လည်ထွက်ခွာခဲ့ကြသည်။ 

"ပြည်သူတွေက ယုံကြည်ရတဲ့ အနိုင်ရပါတီ ကြီးက အခုလိုလုပ်တော့ ပြည်သူတွေ ယုံကြည်မှုလျော့နည်းတာပေါ့။ မဲရုံထဲမှာ ပါတီကမိန်းမတစ်ယောက်ကလည်း ပြောဆို ဆက်ဆံမှုတွေရှိလို့ မဲပေးတဲ့သူတွေက မပေး ဘဲ အပြင်ထွက်ပြီး ပြောဆိုနေကြတယ်။ ဒီလို သာလုပ်နေရင် ဆန္ဒပြမှုတွေ ဖြစ်မယ်ဆိုပြီး ပြောနေတယ်"ဟု ရွာမအနောက်ရပ်ကွက်နေ သူတစ်ဦးကပြောသည်။ 

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မြို့နယ် စည်ပင် သာယာရေးကော်မရှင်ဘက်က တစ်စုံ တစ်ရာ အရေးယူမှုမရှိသေးကြောင်း ၎င်း ပြောသည်။ 

ထို့ပြင် ရွာမအနောက်ရပ်ကွက်တွင် မြို့နယ်စည်ပင်ရွေးကောက်ပွဲကော် မရှင်က မဲစလစ်များကို ကြိုတင်ဖြန့်ဝေ မထားခြင်းကြောင့် ပြည်သူများ မဲလာထည့် ရာတွင် အခက်အခဲများ ဖြစ်ပေါ်ခဲ့သည်။ 

အင်းစိန်မြို့နယ်တွင် NLD ပါတီမှ ကိုယ်စားလှယ်လောင်းသုံးဦး၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ကိုးဦး စုစုပေါင်း ၁၂ ဦးဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။ 


သတင်း၊ဓာတ်ပုံ-သက်အောင်
7Day 


0 comments:

Post a Comment