Sunday, March 31, 2019

ထိုင်းတောမီး ကူညီငြှိမ်းပေးနေသည့် မြန်မာနိုင်ငံသားတစ်ဦး တောင်ပေါ်မှ ပြုတ်ကျသေဆုံး

မြန်မာ-ထိုင်းနယ်စပ်ရှိ ချင်းရိုင်ခရိုင်အတွင်း တောမီး လောင်ကျွမ်းနေသည်ကို ထိုင်းမီး သတ်သမားများနှင့်အတူ သွား ရောက်ကူညီငြှိမ်းသတ်ပေးသည့် အသက်(၆၂)နှစ်အရွယ် မြန်မာ နိုင်ငံသားတစ်ဦး ယမန်နေ့က တောင်ပေါ်မှပြုတ်ကျ သေဆုံးခဲ့သည်။ 
တောင်ယာမီးရှို့၍ ဖြစ်ပေါ် နေသော မီးခိုးငွေ့များကြောင့် ချင်းရိုင်ခရိုင်တွင် ယမန်နေ့က လေထုညစ်ညမ်းမှု အဆိုးရွားဆုံးဖြစ်ပေါ်ခဲ့ကြောင်း အဆိုပါဒေသ၌ အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားများက ပြောသည်။ 

ထိုင်းနိုင်ငံရောက် မြန်မာ ပြည်ဖွား ဂေါ်ရခါးလူငယ်အစည်း အရုံးမှ ကိုဂျော်နီက ‘‘တောမီး လောင်တာကို ထိုင်းလူမျိုးတွေနဲ့ အတူ မီးသွားငြှိမ်းရင်း တောင်ပေါ် က ပြုတ်ကျတာ။ သူကသွားပြီး ကူညီရင်းနဲ့ သေဆုံးတာ’’ဟု ပြောသည်။ 

သေဆုံးသည့် မြန်မာနိုင်ငံ သားအကြောင်းကို ထိုင်းမီဒီယာ အချို့က ဂုဏ်ပြုရေးသားဖော်ပြ နေကြောင်း ၎င်းက ဆက်လက် ပြောသည်။ 

ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့နှင့်ဆက်စပ်နေသော မြန်မာနိုင်ငံတာချီလိတ်မြို့တွင် အထက်ပါနယ်စပ်ဖြတ်ကျော် မီးခိုးငွေ့များကြောင့် လေထုညစ်ညမ်းမှု ဆိုးရွားနေပြီး အညွှန်ကိန်း ၅၀၀ ကျော်ထိ ရှိ နေသည်။ 

ထို့ကြောင့် တာချီလိတ်မြို့ အာဏာပိုင်များက မီးခိုးငွေ့နှင့် ပတ်သက်ပြီး ဒေသခံများသို့ သတိပေးချက်များ အဆက်မပြတ် ထုတ်ပြန်ပေးနေသည်။

7Day

0 comments:

Post a Comment