Saturday, March 30, 2019

အေအေကြောင့် ရခိုင်တိုင်းရင်းသားများသာ အဓိကထိခိုက်နစ်နာကြောင်း ဦးဇော်ဌေးပြော


ပြီးခဲ့သည့်ဇန်နဝါရီ၎ရက် ရဲကင်းစခန်းများအား အေအေကဝင်ရောက်တိုက်ခိုက်ခဲ့ချိန်မှစ၍ မတ်၂၈ရက်အထိ တပ်မတော်နှင့်အေအေတို့ ၁၀၃ကြိမ်အထိ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုများရှိခဲ့သည့်အပြင် အဓိက အားဖြင့် ဒေသခံရခိုင်တိုင်းရင်းသားများ ထိခိုက်နစ်နာရကြောင်း နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ၊ ညွှန်ကြားရေးမှူး ချုပ် ဦးဇော်ဌေးကပြောသည်။
သမ္မတအိမ်တော် မီဒီယာစင်တာတွင် မတ်၂၉ရက်ကပြုလုပ်သော ပုံမှန်သတ င်းစာရှင်းလင်းပွဲတွင် ၄င်းကပြောကြားခြင်းဖြစ်သည်။

''အရပ်သားတွေသေဆုံးမှု၊ ဒဏ်ရာရရှိမှုတွေကိုကြည့်လိုက်ရင် အထူးသဖြင့် ဒေသခံရခိုင်တိုင်းရင်းသားတွေ အဓိက ထိခိုက်နစ်နာတယ်ဆိုတာ တွေ့ရှိရပါတယ်''ဟု ၄င်းကပြောသည်။

ရခိုင်ပြည်နယ်အတွင်း အရပ်သားသေဆုံးမှု ၁၂ဦးရှိခဲ့ပြီး ၂၀ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ၄င်းက ဆိုသည်။

သေဆုံးသူများတွင် ရခိုင်တိုင်းရင်းသား ကိုးဦးပါဝင်ပြီး ဗမာတိုင်းရင်းသားတစ်ဦး၊ ရှမ်း တိုင်းရင်းသားတစ်ဦးနှင့် ဘင်္ဂါလီတစ်ဦးပါဝင်ကြောင်း တရားဝင်ထုတ်ပြန်ထားသည်။

ဒဏ်ရာရရှိသူ အရပ်သား၂၀ဦးတွင်လည်း ရခိုင်တိုင်းရင်းသား ၁၇ယောက်အထိပါဝင်ပြီး ခမီတိုင်းရင်းသား နှစ်ဦး နှင့် ဘင်္ဂါလီတစ်ဦးတို့ပါဝင်ကြောင်း ပြောသည်။

အထက်ပါ သေဆုံး၊ ဒဏ်ရာရရှိသူများစာရင်းအရ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားမှုများသည် ဒေသခံရခိုင်တိုင်းရင်းသားများသာ အဓိကထိခိုက်နစ်နာခြင်းဖြစ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။

အေအေအဖွဲ့သည် အရပ်သားများအား ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့်သတ်ဖြတ်ခြင်းများလည်းရှိခဲ့ကြောင်း ၄င်းကဆက်လက်ပြောကြားသည်။

''သာမန်ပြည်သူတွေကို သတ်တာတွေ၊ ဖမ်းဆီးတာတွေရှိပါတယ်။ အေအေကနေ သတ်လို က်တာက အားလုံးခြောက်ဦးရှိပါတယ်။ ရှာမတွေ့ဘဲပျောက်ဆုံးနေတာ နှစ်ဦးရှိပါတယ်''ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲများကြောင့် နေရပ်စွန့်ခွာနေသူများရှိနေပြီး လောလောဆယ်တွင် ပြည်သူတစ်သိန်းကျော်(၁၁၇၀ဝ၀)ခန့်သည် IDPအနေဖြင့် ရွှေ့ပြောင်းနေထိုင်ရသည့် အနေအထားရှိသည်။

မတ်၂၄ရက်အထိ နေရပ်စွန့်ခွာသူစာ ရင်းအရ ဘူးသီးတောင်မြို့နယ်တွင် ၂၇၀၂ဦး၊ ကျောက်တော်မြို့နယ်တွင် ၃၈၄၁ဦး၊ မင်းပြားမြို့နယ်တွင် ၂၁၇၀ဦး၊ မြောက်ဦးမြို့ နယ်တွင် ၃၅၁၉ဦး၊ ပုဏ္ဍားကျွန်းမြို့နယ်တွင် ၁၉၈၆ဦး၊ ရသေ့တောင်မြို့နယ်တွင် ၂၅၉၀ဦးနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် တွင် ၅၄၆ဦးတို့ရှိနေသည်။

တရားဝင်ထုတ်ပြန်ချက်များအရ ဇန်နဝါရီ၎ရက်မှ မတ်၂၈ရက်အထိ ရဲတပ်ဖွဲ့ဝင်၂၇ဦးကျဆုံး ခဲ့ပြီး ၂၀ဦးဒဏ်ရာရရှိခဲ့သည်။

အေအေအဖွဲ့ဝင် ၅၈ဦးသေဆုံးခဲ့ပြီး ရှစ်ဦးကိုအရှင်ဖမ်းမိခဲ့ပြီး အေအေအဖွဲ့မှ လက် နက်ငယ် ၂၂လက်သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန် ထားသည်။

ယင်းတိုက်ပွဲများကြောင့် ဒေသခံရခိုင်တိုင်းရင်းသားများ ထိခိုက်နစ်နာသဖြင့် အစိုးရအနေဖြင့်စိတ်မ ကောင်းဖြစ်ရကြောင်း ဦးဇော်ဌေးက ပြောသည်။

အေအေအနေဖြင့် အခြားသောတိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များကဲ့သို့ လက်နက်ကိုင်လမ်းစဉ်ကိုစွန့်လွှတ်ပြီး ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့လာရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

''တခြားသောတိုင်းရင်းသားတွေ၊ အီးအေအိုတွေနည်းတူ ငြိမ်းချမ်းစွာညှိနှိုင်းဖြေရှင်းတဲ့ နိုင်ငံရေးယဉ်ကျေးမှုပေါ့။ ငြိ မ်းချမ်းရေးစားပွဲဝိုင်းတွေကို ဝင်ရောက်လာဖို့တိုက်တွန်းချင်ပါတယ်''ဟု ပြောကြားခဲ့သည်။ 

The Myanmar Times

0 comments:

Post a Comment