Saturday, March 30, 2019

ကားတစီး ပေ ၂၀၀ အနက် လမ်းဘေး ချောက်ထဲထိုးကျ၍ ၈ ဦးသေ ၊ ၁၆ ဦး ဒဏ်ရာရ


လမ်းဘေး ချောက်ထဲသို့ ကားတစီး ထိုးကျ၍ လူ ၈ ဦး သေဆုံးမှု အုတ်တွင်းမြို့နယ်တွင် ဖြစ်ပွါးခဲ့သည်။ 
အုတ်တွင်းမြို့ဘက်မှ ပေါက်ခေါင်းမြို့ဘက်သို့ ယာဉ်မောင်း တိုးမောင်( ခ ) သူရအောင် ( ၃၄ ) နှစ် တောင်ငူမြို့နေသူ မောင်းနှင်လာသော YGN 9H/ 3578 FUSO အမျိုးအစား အဖြူ ရောင် ၆ ဘီးယာဉ်ဟာ အုတ်တွင်းမြို့နယ် ပေါက်တောကျေးရွာအုပ်စု ကြက်သျာရွာအနီး အုတ်တွင်း - ပေါက်ခေါင်းကားလမ်း မိုင်တိုင်အမှတ် ၇၁ / ရ အနီးအရောက်တွင် အရှိန်မထိန်းနိုင်ပဲ လမ်း၏ ညာဘက်ဘေးရှိ ပေ ၂၀၀ ခန့် အနက်ရှိသော ချောက်ထဲသို့ ထိုးကျ၍ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွါးခဲ့သည်။ 

ယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်ပါ ခရီးသည်များအနက် ၈ ဦးသေဆုံးပြီး ၄ ဦးမှာ ဒဏ်ရာအသီးသီး ရရှိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။ 

ယင်းဖြစ်စဉ်ကြောင့် ယာဉ်အား ပေါ့ဆစွာ မောင်းနှင်သူ တိုးမောင် ( ခ ) သူရအောင်အား ယာဉ် ( ပ ) ၂၅ / ၂၀၁၉ ၊ ရာဇသတ်ကြီးပုဒ်မ - ၃၀၄ / ၃၃၇ / ၃၃၈ ဖြင့် အမှုဖြင့် အရေးယူဆောင်ရွက်ထားရှိကြောင်း အုတ်တွင်းနယ်မြေရဲစခန်းမှ သိရသည်။ 

ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများအား အုတ်တွင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး တရားခံ တိုးမောင်( ခ ) သူရအောင်အား ဆေးရုံတက်ရောက် ကုသနေစဉ်အတွင်း ထွက်ပြေးလွတ်မြောက်ခြင်း မရှိအောင် ဒုရဲအုပ်ကျော်ဇောနှင့် ရဲတပ်ဖွဲ့ဝင်များမှ အနီးကပ် စောင့်ကြပ်လျက်ရှိပြီး အမှုအား ခိုင်မာစွာတည်ဆောက်၍ ဥပဒေအကြံညဏ်ရယူပြီး တရားစွဲဆိုနိုင်ရေး ဆောင်ရွက်နေကြောင်း သတင်းရရှိပါသည်။ 


ဇီးကုန်းသား
Isee Media 

0 comments:

Post a Comment