Sunday, March 31, 2019

မြောက်ဦးတွင် လေပြင်းတိုက်၍ ဓာတ်မီးတိုင်များပြိုလဲကျ



ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ညဥ့် ၁၂ နာရီခွဲလောက်က လေပြင်းတိုင်ခတ်သဖြင့် မြို့တွင်းရှိ ဓာတ်မီးတိုင် တစ်ချို့ ကျိုးကျ ပြိုလဲမှုများရှိကြောင်း သတင်းရရှိသည်။ 

“ ည ၁၂ နာရီ ခွဲလောက်က လေတိုက်တယ်လေ။ လေက ပြင်းတော့ ဓာတ်မီးတိုင်တွေ ကျိုးတာရှိတယ်။ လဲကျတာ ရှိတယ်။ စည်ကားတောင်အောက်ဓာတ်မီးတိုင် တစ်တိုင်၊ ဗန္ဓုလတံတားလမ်းဆုံ တစ်တိုင် ပြိုလဲပျက်စီးသွားပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။ 

လေပြင်းတိုက်မှုကြောင့် မီးတိုင် သုံးတိုင်၊ ဖုန်းကြိုးတိုင်နှစ်တိုင်တို့ ထိခိုက် ပျက်စီးခဲ့ကြောင်း၊ ထိုသို့ ဓာတ်မီးတိုင်များ ကျိုးကျ ပြိုလဲမှုများရှိခဲ့သော်လည်း လူကို ထိခိုက်မှု မရှိကြောင်း သိရသည်။ 

လက်ရှိ အချိန် (ယနေ့ နံနက် ၈ နာရီကျော်မှစတင်ပြီး) အပျက်အစီးများကို မီသတ်နှင့် ရဲတပ်ဖွဲ့ဝင်များမှ လာရောက်ရှင်းလင်းနေကြောင်း သိရသည်။ 



(ဓာတ်မီးတိုင်များ လဲပြိုကျနေသည်ကို ယနေ့ နံနက်က တွေ့ရစဉ်) 
နောင်ခိုင်အောင်(မြောက်ဦး) 
Narinjara 



    

0 comments:

Post a Comment