Sunday, March 31, 2019

ကန့်ကွက်မှု၊ နှောင့်ယှက်မှုများကြုံခဲ့သည့် နေပြည်တော် ခြေဥပြင်ဆင်ရေးထောက်ခံပွဲ ကျင်းပပြီးစီး


နေရာပြောင်းရွှေ့ရ ခြင်း၊ ဟောပြောမည့်စာရင်း၌ ပါ ဝင်သူတစ်ဦးကို ကန့်ကွက်ခြင်း၊ အခမ်းအနားပိုစတာအချို့ မီးရှို့ခံ ရခြင်းတို့ ကြုံခဲ့ရသည့်အုပ်ချုပ်ရေး မြို့တော် နေပြည်တော်တွင် ပြု လုပ်သော ၂၀၀၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေပြင်ဆင်ရေး လူထု ထောက်ခံပွဲကို ယမန်နေ့ကကျင်းပခဲ့သည်။ 
မူလက ဥပ္ပါတသန္တိစေတီ တော်အနီးတွင် ကျင်းပရန်စီစဉ် ထားသော အဆိုပါထောက်ခံပွဲကို ဇမ္ဗူသီရိမြို့နယ်ရှိ ဘောလုံးကွင်း သို့ ပြောင်းရွှေ့ပြီး မတ်လ ၃၁ရက် နေ့လယ် ၂ နာရီမှ ညနေ ၆ နာရီ အထိ ကျင်းပခြင်းဖြစ်သည်။ 

လက်ရှိဖွဲ့စည်းပုံအခြေခံဥပ ဒေကို ပြင်ဆင်သင့်ကြောင်း ပြည် သူများသိရှိသော်လည်း ပုဒ်မများ၊ ပြင်ဆင်ရမည့်ပုံစံများကို မသိ ကြသဖြင့် ယခုကဲ့သို့ ဟောပြော နိုင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ထောက်ခံပွဲဖြစ်မြောက်ရေး ကော် မတီ၌ ပြန်ကြားရေးတာဝန်ယူ ထားသူကိုထွန်းဝင်းကပြောသည်။ 

‘‘ဒီမှာ ပညာရှင်တွေ ဟော ပြောခြင်းအားဖြင့် ဥပမာ ရှေ့ နောက်မညီတဲ့ ဟာတွေဆိုရင် ဘယ်လိုမျိုးရှေ့နောက်မညီတဲ့ ဟာမျိုးဆိုတာတွေကို ပညာရှင် တွေက ပြောပြတော့တက်ရောက် လာတဲ့ သူတွေကလည်းနားလည် သွားတယ်’’ဟု၎င်းကပြောသည်။ 

အဆိုပါထောက်ခံပွဲ မတိုင်မီ ရက်က ဟောပြောမည့်စာရင်း တွင် ပါဝင်သည့် စာရေးဆရာ ထင်လင်းဦးကို နေပြည်တော်ရှိ သံဃာအချို့က မဟောပြောရန် ကန့်ကွက်ခဲ့ပြီး ပွဲမကျင်းပမီ ည၌ လည်း ထောက်ခံပွဲလမ်းညွှန်ဆိုင်း ဘုတ်နှင့် လိုဂိုအချို့မီးရှို့ဖျက်ဆီး မှု ကြုံခဲ့သည်။ 

သို့သော် ပွဲကျင်းပရေးကော် မတီက အမှုဖွင့်ခြင်း၊ တုံ့ပြန်ခြင်း မပြုလုပ်ခဲ့သလို ထောက်ခံပွဲကျင်း ပနေစဉ် နှောင့်ယှက်မှု တစ်စုံ တစ်ရာ မရှိခဲ့ဘဲ မူလအစီအစဉ်အ တိုင်း စာရေးဆရာထင်လင်းဦး၊ မာန် (တောင်းလုံးပြန်) တို့က ဟောပြော၍ ပန်းရဲ့လမ်း တေး ဂီတအဖွဲ့နှင့် ပန်းသီးဦးဆောင် သော ဇွဲအငြိမ့်အဖွဲ့တို့ကဖျော်ဖြေ ခဲ့ပြီး တက်ရောက်လာသည့် ပြည် သူများက ဖွဲ့စည်းပုံပြင်ဆင်ရေး ထောက်ခံကြောင်း လက်မှတ်ရေး ထိုးခဲ့ကြသည်။ 

ထောက်ခံပွဲသို့ တက်ရောက် သူ နှစ်သောင်းကျော်ရှိမည်ဟု ပွဲကျင်းပရေးကော်မတီက ခန့်မှန်း သည်။ လုံခြုံရေးဆောင်ရွက်နေ သည့် ရဲအရာရှိတစ်ဦးကမူ သုံး ထောင်ခန့်ဟု ဆိုသည်။

7Day

0 comments:

Post a Comment