Sunday, March 31, 2019

နေရာတိုင်းတွင် အနိုင်လိုချင်သောပါတီများကို စိတ်ပျက်မိဟု NDF ပါတီဥက္ကဋ္ဌ ပြော


လက်ရှိကျင်းပနေသည့် စည်ပင်ရွေးကောက်ပွဲတွင် အစိုးရတာဝန်ရှိသူများမှ ဝင်ရောက်မဲဆွယ်မှုများ ပြုလုပ်နေခြင်းမှာရုပ်ဆိုးပြီး နေရာတိုင်းတွင် အနိုင်လိုချင်နေသောပါတီများကိုစိတ်ပျက်မိကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။ 
စည်ပင်ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းရာတွင် ၄င်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခြင်းဖြစ်သည်။ 

“မဲဆွယ်တဲ့အခါမှာ အစိုးရတာဝန်ရှိသူတွေကပါ ဝင်ပြီးတော့မဲဆွယ်တဲ့အခါကျတော့ ဒါကြီးက တော်တော့်ကို ရုပ်ဆိုးနေပြီလို့တွေ့ရတယ်။ နေရာတိုင်းမှာ အနိုင်လိုချင်နေတဲ့ပါတီတွေကိုတွေ့ရတော့ စိတ်ပျက်မိတယ်။ ဒီဟာက တစ်ခုခုတော့ မသမာမှုတွေရှိလာနိုင်တယ်ဆိုတာကြိုမြင်နေတယ်၊ ခံစားနေရတယ်၊ တွေ့မြင်နေရတယ်၊ ထင်နေရတယ်။ အဲဒီတော့ လုပ်ချင်ရာလုပ်တဲ့ခေတ်ကြီးမှာ လုပ်ချင်ရာလုပ်ကြပါစေပေါ့။ စိတ်ဝင်စားမှုလျော့နည်းပြီးလွှတ် ထားတဲ့အနေအထားပါပဲ”အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။ 
စည်ပင်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူလူထုစိတ်ဝင်စားမှုအားနည်းနေသလို၊ မဲပေးရမည့် ပါတီကိုပင် မသိရှိကြောင်း ပြည်သူများထံမှ သိရသည်။ 
အစိုးရမှ ရွေးချယ်တင်မြှောက်ထားသည့် မြို့တော်ဝန်အပါအဝင်ကော်မတီဝင် ၅ ဦး၊ ပြည်သူမှ ရွေးချယ်တင်မြှောက်သည့် ကော်မတီဝင် ၆ ဦး၊ စုစုပေါင်း ကော်မတီဝင် ၁၁ ဦးအထိ ရှိလာမည်ဖြစ်ကြောင်း သိရသည်။ 

စုသက်နှင်း(အကုန်သိ သတင်းဌာန)

0 comments:

Post a Comment