Saturday, March 30, 2019

"မဲစလစ်ပြားပါလာသော်လည်း မှတ်ပုံတင်ပါမလာ၍ မဲမထည့်ရသူများရှိ "


လှိုင်သာယာမြို့နယ် အမှတ် ၁ ရပ်ကွက် တွင် ဆန္ဒမဲလာရောက်ထည့်သူအချို့တွင် မှတ်ပုံတင် ကတ်ပြားမပါလာလာ၍ မဲ ထည့်ရာတွင် အခက်အခဲ များ ကြုံတွေ့နေရသည်။ 
မဲဆန္ဒရှင်တစ်ချို့မှာ မိမိတို့၏ မှတ်ပုံတင် များအား အိမ်ပြန်ယူကြသော်လည်း တစ်ချို့ မှာ မဲရုံသို့ ပြန်ရောက်လာကြခြင်း မရှိတော့ ကြောင်း အမှတ်(၁)ရပ်ကွက် စည်ပင်ရွေး ကောက်ပွဲကော်မရှင်ဥက္ကဌ ဦးမြသောင်းက ပြောသည်။ 
''ကြိုတင်အကြောင်းမကြားတော့ ပြည်သူ တွေ ဒုက္ခရောက်ကုန်တာပေါ့။ မဲပေးမယ့် အခွင့်အရေးလည်းဆုံးရှုံးကုန်တယ်။ အလုပ် သမားတွေကျတော့ မနက်စောစောမဲလာ ထည့်တယ်။ ဒီရောက်တော့ မှတ်ပုံတင်လည်း မပါရော မဲမပေးဘဲနဲ့ ပြန်သွားကုန်ရော" ဟု ၎င်းကပြောသည်။ 
လာရောက်မဲပေးသူများတွင် မဲစလစ်စာရွက် ပါသော်လည်း မှတ်ပုံတင်မပါလာ၍ ပြန်သွား ကြသူများမှာ နံနက် ၉ နာရီအထိ အရေ အတွက် ၅၀ ခန့်ရှိသည်။ 
မဲရုံ မှ တာဝန်ရှိသူများက မှတ်ပုံတင်ပါမလာသူတစ်ချို့အတွက် မော်တော်ဆိုင်ကယ်များဖြင့် သွားရောက်ယူ ပေးနေကြောင်း သိရသည်။ 
"အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲထည့်ခွင့် ရတာကို မှတ်ပုံတင်မ ပါလို့မဲမထည့်ရဘူး ဆိုတော့ နိုင်ငံ အခွင့်အရေးဆုံးရှုံးတာပေါ့။ နောက်ပြီး မဲစလစ်ပြားလည်း ထုတ်ပေးပြီး သားကို မှတ်ပုံတင်က ဘာလိုတော့လို့လဲ။ ဒီမှာက ငွေကြေးအခက်အခဲကြောင့် မှတ်ပုံ တင်ပေါင်ထားသူတွေရှိတော့ မဲထည့်လို့မရ တော့ဘူး။ သန်းခေါင်စာရင်းပါလည်း မဲထည့် လို့မရဖြစ်နေတယ်" ဟု အမှတ်(၁ )ရပ်ကွက် မှ ပြည်သူတစ်ဦးကပြောသည်။ 
လှိုင်သာယာမြို့နယ် အမှတ်(၁)ရပ်ကွက်တွင် မဲရုံပေါင်း ၁၂ ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၆၆၈၄ ဦးရှိကာ နံနက် ၉ နာရီအထိ လာရောက် မဲပေးသူမှာ ရာဂဏန်းဝန်းကျင် သာရှိသေးသည်။ 




ဓာတ်ပုံ-သက်အောင်
7Day

0 comments:

Post a Comment