Saturday, March 30, 2019

နေပြည်တော်တွင်ပြုလုပ်မည့် ခြေဥပြင်ဆင်ရေးလူထုထောက်ခံပွဲ လမ်းညွှန်ဆိုင်းဘုတ် မီးရှို့ခံရ


ယနေ့ နေပြည်တော် တွင်ပြုလုပ်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလူထုထောက်ခံပွဲအတွက် စိုက်ထူထားသော လမ်းညွှန်ဗီနိုင်းဘုတ် ယမန်နေ့ညက မီးရှို့ခံခဲ့ရကြောင်းသိရသည်။ 
ထောက်ခံပွဲ၏ သတင်းပြန်ကြားရေးတာဝန်ရှိသူ ကိုထွန်းဝင်းက "မီးရှို့သွားတယ်။ ဖျက်ဆီးသွားတယ်တော့မဟုတ်ဘူး။ ကျနော်တို့ ဆိုင်းဘုတ်တွေကိုတော့ မဖြုတ်ထားဘူး။ ဒီအတိုင်းပဲထားလိုက်တယ်" ဟု ပြောပြသည်။ 

ဖြစ်စဉ်နှင့်ပတ်သက်၍ တစ်စုံတစ်ရာအမှုဖွင့်တိုင်တန်းခြင်းမပြုလုပ်ထားကြောင်းလည်း ၎င်းကဆိုသည်။ 

မီးရှို့ခံထားရသောဘုတ် များသည် ရွှေကြာပင်ရပ်ကွက် စစ်တောင်းလမ်းထိပ်တွင်တည်ရှိကြောင်းသိရသည်။ 

ယနေ့ ပြုလုပ်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုထောက်ခံပွဲကို မွန်းလွဲ ၂ နာရီတွင် ဇမ္ဗူသီရိမြို့နယ် နန်းဦးကျောင်းရှေ့ ဘောလုံးကွင်း တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ 

Photo Credit- ဒီမိုကရက်တစ်လူထုအသံ( သတင်းတမန်)
Khit Thit Media 


0 comments:

Post a Comment