Saturday, March 30, 2019

ခြေဥပြင်ဆင်ရေးလူထုလှုပ်ရှားမှုများတွင် ဒီချုပ်အစိုးရတာဝန်ရှိသူအချို့ပါဝင်နေပြီး မိမိတို့အစိုးရဖြစ်နေပါလျက် မေ့လျော့ကာ မည်သူ့ကို ဆန္ဒထုတ်ဖော်နေသည်ကိုသိလိုကြောင်း ပြည်ခိုင်ဖြိုး မေးခွန်းထုတ်


ခြေဥပြင် ဆင်ရေး လူထုလှုပ်ရှားမှုများတွင် ဒီချုပ်အစိုးရတာဝန်ရှိသူအချို့ ပါ ဝင်နေခြင်းအပေါ် ပြည်ခိုင်ဖြိုးပါ တီက မေးခွန်းထုတ်လိုက်သည်။ 
မတ် ၃ဝ ရက် နံနက်ပိုင်းက နေပြည်တော်၊ ပြည်ခိုင်ဖြိုးရုံးချုပ် တွင်ပြုလုပ်သည့် ပုဒ်မ ၂၆၁ ပြင် ဆင်ရန် ဆောင်ရွက်ထားမှုနှင့် ရ ခိုင်အရေးဆိုင်ရာသတင်းစာရှင်း လင်းပွဲတွင် ပြည်ခိုင်ဖြိုးပြောခွင့်ရ ဒေါ်ယမင်းမြင့်ဆွေက အထက်ပါ အတိုင်း မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သည်။ 
ဒီချုပ်အစိုးရတာဝန်ရှိသူများ အနေဖြင့် မိမိတို့ကိုယ်တိုင် အစိုးရ ဖြစ်နေသည်ကို မေ့လျော့ကာမည် သူ့ကို ဆန္ဒထုတ်ဖော်နေကြောင်း သိရှိလိုသည်ဟု ¤င်းကပြောသည်။ 
''လက်ရှိအာဏာရပါတီက ဒီ အခြေခံဥပဒေပြင်ဆင်ရေးကို လူတွေ လမ်းပေါ်ထွက်ပြီးတော့ လူထုလှုပ်ရှားမှုတစ်ရပ်အနေနဲ့ ဆောင်ရွက်နေတဲ့ကိစ္စတွေက ဘယ် သူ့ကို ဆန္ဒထုတ်ဖော်နေတာလဲ။ ဘာကြောင့် လုပ်တာလဲဆိုတာ ကျွန်မတို့ကိုယ်တိုင် နားမလည်ဘူး။ တကယ်က အာဏာရပါတီဖြစ်နေ တယ်၊ ဒီအစိုးရအဖွဲ့အစည်း၊ ဘာ ဖြစ်လို့လဲဆိုတော့ ဒီအခြေခံဥပဒေ ပြင်ဆင်ရေးလှုပ်ရှားမှုတွေမှာ အချို့ နေရာတွေမှာဆိုရင် ဒီအစိုး တာ ဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကိုယ်တိုင် ဒီ လှုပ်ရှားမှုတွေထဲမှာ ပါဝင်ဆောင် ရွက်နေတာတွေတွေ့ရတယ်။ အဲဒီ တော့ ကိုယ်ကိုယ်တိုင် အစိုးရဖြစ် တာကို မေ့လျော့ပြီးတော့ ဘယ်သူ့ ကို ဆန္ဒထုတ်ဖော်နေတာလဲဆိုတာ အစ်မတို့ကိုယ်တိုင် သိချင်ပါတယ်'' ဟု ¤င်းကဆိုသည်။ 
ယင်းကဲ့သို့ ဆောင်ရွက်မှု သည် တိုင်းပြည်တည်ငြိမ်ရေးလမ်း ကြောင်းမှ သွေဖည်သည့် ဆောင် ရွက်မှုမျိုးဖြစ်သည်ဟုလည်း ¤င်း က ပြောသည်။ 
ယင်းအပြင် ပြည်ခိုင်ဖြိုးအပါ အဝင် မည်သည့်အဖွဲ့အစည်းကမျှ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်လိုဟု မပြောခဲ့ဖူးကြောင်း ¤င်းကဆိုသည်။ 
ယင်းအပြင် ပုဒ်မ ၂၆၁ ကို ပူးပေါင်းကော်မတီတွင်ထည့်သွင်း ဆွေးနွေးခြင်းသည် မဖြစ်သင့် ကြောင်း၊ ¤င်းတို့အနေဖြင့် အဆိုပါ ၂၆၁ ပြင်ဆင်ရေး ဥပဒေကြမ်းနှင့် ပတ်သက်၍ လွှတ်တော်တွင်းဆွေး နွေးနိုင်ရန် ကြိုးစားသွားမည်ဖြစ် ကြောင်း ဒေါ်ယမင်းမြင့်ဆွေက ပြောသည်။ 
ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ခြေဥပြင်ဆင်ရေးတွင် ကန့်လန့်တိုက် နေသည်ဟူ၍ နိုင်ငံရေးအလဲထိုး သည့် စကားလုံးဖြင့် တိုက်ခိုက်ခံနေ ရသော်လည်း ပါတီပုံရိပ်ကျဆင်း မည်မဟုတ်ကြောင်း ¤င်းက ဆက် လက်ပြောသည်။ 

MP/#DemocracyToday

0 comments:

Post a Comment