Sunday, March 31, 2019

သင်္ကြန်ပိတ်ရက်အတွက် YRTA က အရန်ကားတွေစီစဉ်ထား


သင်္ကြန်ကာလပိတ်ရက်များ အတွင်းရန်ကုန်မြို့မှနယ်မြို့အသီးသီးကိုသွားလာကြမည့်ခရီးသွားများအတွက် ကားလက်မှတ် အခက်အခဲများမဖြစ်ပေါ်စေရန် ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA မှ အရန်ကားများစီစဉ်ထားသည်ဟုသိရသည်။ 
"အဝေးပြေးကားလက်မှတ်တွေဈေးပိုတောင်းတာမျိုးကိုထိန်းချုပ်ကန့်သတ်ထားသလို လက်မှတ်အခက်အခဲမဖြစ်ရအောင်လည်းခရီးစဉ် အလိုက်အရန်ကားတွေလုပ်ထားပါတယ်။လိုအပ်တဲ့နေရာကိုဖြည့်ပြီးပြေးစွဲပေးသွားမှာပါ"ဟု YRTAမှတာဝန်ရှိသူတစ်ဦးကဆိုသည်။ 

နှစ်စဉ်သင်္ကြန်ကာလများအတွင်း နေရပ်ပြန်ကြသူမျအတွက် ကားလက်မှတ်အခက်အခဲများရှိနေသဖြင့် သက်ဆိုင်ရာအဝေးပြေးယာဉ်လိုင်းများနှင့် ပူးပေါင်းကာ YRTAမှ ခရီးစဉ်အလိုက် ပြေးစွဲပေးသွားရန်စီစဉ်နေခြင်းဖြစ်သည်။ 

သင်္ကြန်ပိတ်ရက်များအတွင်း ယာဉ်စီးခလက်မှတ်များကို ပိုမိုတောင်းခံပါကလည်း YRTAအပြင်သက်ဆိုင်ရာဌာနများသို့တိုင်ကြားနိုင်ပြီးထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဟုသိရသည်။ 

Popular News Journal 

0 comments:

Post a Comment