Saturday, March 30, 2019

အာဖဂန်တွင် ရေကြီးမှုကြောင့် အိမ်ခြေ ၅၀၀ ကျော်ပျက်စီး၊ ၁၇ ဦး သေဆုံး




အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်းမှာ ရုတ်တရက် ရေကြီးတာကြောင့် လူ ၁၇ ယောက်ထက် မနည်း သေဆုံးပြီး နေအိမ်တွေနဲ့ နေရပ်စွန့်ခွာမိသားစုတွေကို နေရာချထားတဲ့ ယာယီတဲတွေ ပျက်စီးခဲ့တယ်လို့ အစိုးရ တာဝန်ရှိသူတဦးက မတ်လ ၃၀ ရက်နေ့မှာ ပြောပါတယ်။ 
မတ်လ ၂၈ ရက်နေ့က စခဲ့တဲ့ ရေကြီးမှုကြောင့် အိမ်ခြေ ၅၀၀ ကျော် ပျက်စီးခဲ့တယ်လို့ အမျိုးသားဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့က ပြောပါတယ်။ 

မနှစ်က ပြင်းထန်တဲ့ မိုးခေါင်မှုကြောင့် အာဖဂန် အနောက်ပိုင်းက သိန်းချီတဲ့ ဒေသခံတွေ နေရပ်စွန့်ခွာခဲ့ကြတာပါ။ 

ဒါ့အပြင် ဒီလိုရေကြီးတာကြောင့် ပျက်စီးမှုတွေ ဖြစ်ပြီး ဒီနှစ်ရဲ့ ဂျုံသီးနှံ အထွက်ကိုလည်း ထိခိုက်စေပါတယ်။ 

ရေကြီးတာကြောင့် ရာနဲ့ချီတဲ့ နေအိမ်တွေ၊ သမိုင်းဝင်နေရာတွေ၊ ဧက ထောင်ချီတဲ့ ယာခင်းတွေ၊ တံတားတွေနဲ့ အဝေးပြေးလမ်းမတွေ ပျက်စီးခဲ့တယ်လို့ ဟီရတ်ပြည်နယ် တာဝန်ရှိသူ တဦးက ပြောပါတယ်။

DVB 

0 comments:

Post a Comment