Sunday, March 31, 2019

ဆိပ်ကမ်းမှအပ ဒီချုပ်ဝင်ပြိုင်သော မြို့နယ်စည်ပင်ကော်မတီဝင် နေရာအားလုံး အနိုင်ရဟု တာဝန်ရှိသူပြော


ရန်ကုန်စည်ပင်ရွေး ကောက်ပွဲတွင် ဆိပ်ကမ်းမြို့နယ် ကလွဲ၍ မြို့နယ်စည်ပင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်နေရာများ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ် စားလှယ်များ အနိုင်ရရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးဒီချုပ်ပါတီ ဥက္ကဋ္ဌ ဦးမြင့်ဌေးက ပြောကြားသည်။ 
ဒီချုပ်ပါတီက မြို့တော်စည် ပင်ကော်မတီဝင် နေရာအတွက် ခြောက်ဦး၊ ၃၃ မြို့နယ်၏ စည် ပင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်နေရာ ၉၉ နေရာတွင် စုစုပေါင်း ၈၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ 

ယမန်နေ့ညအထိ နောက် ဆုံးရရှိထားသည့် သတင်းများအ ရ ဒီချုပ်ပါတီကိုယ်စားပြု၍ မြို့ နယ်စည်ပင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် နေရာများအတွက် ဝင်ရောက် ယှဉ်ပြိုင်သူ ၈၃ ဦးစလုံး အနိုင်ရရှိပြီး ဆိပ်ကမ်းမြို့နယ်စည်ပင် ဥက္ကဋ္ဌ ဝင်ရောက်ယှဉ်ပြိုင်သည့် ဒေါ်အေးယုမော်တစ်ဦးသာ ရှုံး နိမ့်ခဲ့သည်ဟု ဦးမြင့်ဌေးကပြော သည်။ 

‘‘မြို့နယ်နေရာတွေမှာ ဆိပ် ကမ်းကလွဲရင် ကျန်တာနိုင်တယ်။ မြို့တော်ကော်မတီအဆင့် တခြား မြို့နယ်ရလဒ်တွေကိုလည်း ပေါင်းရဦးမှာဖြစ်လို့ အတည်မပြုနိုင် သေးဘူး။ အခြေအနေတော့ ကောင်းတယ်’’ဟု ၎င်းကပြော သည်။ 

ဒီချုပ်ပါတီသည် ၂၀၁၈ နို ဝင်ဘာက ပြုလုပ်သည့် ကြားဖြတ် ရွေးကောက်ပွဲတွင်လည်း ဆိပ်ကမ်းမြို့နယ်၌ ဝင်ရောက်ယှဉ်ပြိုင်သည့် ပြည်ခိုင်ဖြိုးကိုယ်စား လှယ်ကို ရှုံးနိမ့်ခဲ့သည်။ 

ဆိပ်ကမ်းမဲဆန္ဒနယ်၌ မြို့နယ်စည်ပင်ဥက္ကဋ္ဌနေရာ ဝင်ရောက်ယှဉ်ပြိုင်သည့် ဒေါ်အေးယုမော်သည် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးလှသန်းကိုရှုံးနိမ့်ခြင်းဖြစ်သည်။ ဒီချုပ်ပါတီက အဆိုပါမဲဆန္ဒနယ်တွင် မြို့နယ်စည်ပင်ဥက္ကဋ္ဌ နေရာတစ်ခုတည်း ဝင်ရောက်ယှဉ်ပြိုင်ပြီး အဖွဲ့ဝင်(၁) နှင့် အဖွဲ့ဝင်(၂) နေရာများအတွက် ယှဉ်ပြိုင်ခြင်းမရှိပေ။ 

ယခုစည်ပင်ရွေးကောက်ပွဲ တွင် မြို့တော်စည်ပင်ကော်မတီ ဝင်၊ မြို့နယ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်နေ ရာများအတွက် ဒီချုပ်၊ ပြည်ခိုင် ဖြိုးပါတီ ကိုယ်စားလှယ်လောင်း များနှင့် တစ်သီးပုဂ္ဂလဝင်ရောက် ယှဉ်ပြိုင်သူ စုစုပေါင်း ၂၇၂ ဦးရှိ သည်။ 

ဒီချုပ်ပါတီက အနိုင်ရရှိ သည့် ကိုယ်စားလှယ်လောင်းများအနက် ငါးဦးသည် ၎င်းတို့နှင့် ယှဉ်ပြိုင်ဘက်မရှိသဖြင့် ရွေး ကောက်ပွဲမတိုင်မီကတည်းက အ လိုအလျောက် အနိုင်ရရှိခဲ့သည်။ 

စည်ပင်ရွေးကောက်ပွဲတွင် မြို့နယ်စည်ပင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်နေရာများအတွက် အလိုအ လျောက် အနိုင်ရရှိသူ ၁၃ ဦးရှိပြီး ကျန်ရှစ်ဦးသည် တစ်သီးပုဂ္ဂလ ယှဉ်ပြိုင်သူများဖြစ်သည်။ 

ယမန်နေ့ ည ၁၀ နာရီအထိ ရရှိသော သတင်းများအရ မြို့ တော်ကော်မတီဝင်နေရာအတွက် ဒီချုပ်ပါတီမှ ကိုယ်စားလှယ် ခြောက်ဦးအနက်နှင့် မဲဆန္ဒနယ် အမှတ်(၅)မှ ဒေါ်နန့်စုရွှေစင်၊ မဲဆန္ဒနယ်အမှတ် (၆) မှ ဦးမင်း ဟန်တို့ အနိုင်ရရှိရန် ရာနှုန်းပြည့် သေချာနေကြောင်း ဒီချုပ်ပါတီ မှ ရွေးကောက်ပွဲ မဲရလဒ်စောင့် ကြည့် မှတ်တမ်းတင်သူအချို့က ပြောသည်။ 

၂၀၁၄ က ပြုလုပ်သည့် ရန်ကုန်စည်ပင် ရွေးကောက်ပွဲ တွင် ပါတီကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ခွင့်မပြုဘဲ ယခု ရွေး ကောက်ပွဲတွင် ခွင့်ပြုခဲ့သည်။ 

ထိုသို့ ပါတီကိုယ်စားပြုများ ဝင်ရောက်ယှဉ်ပြိုင်ခြင်း၊ မဲဆွယ် စည်းရုံးရာတွင် ပါတီအလံ၊ အ မှတ်တံဆိပ်နှင့် နိုင်ငံ့အကြီးအကဲ များ၏ ပုံရိပ်ကို အသုံးပြုခွင့်ပေး ခြင်းသည် မျှတမှုမရှိကြောင်း ရွေး ကောက်ပွဲ မတိုင်မီကတည်းက ဝေဖန်မှုများ ရှိခဲ့သည်။

7Day

0 comments:

Post a Comment