Sunday, March 31, 2019

မြောင်းမြတံတားသစ်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်ဖွင့်လှစ်


ဧပြီ(၁)ရက် မနက်ပိုင်းက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ မြောင်းမြတံတားအသစ်ကို တက်ရောက် ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီတံတားသစ်ကို အရင်ပျက်ကျခဲ့တဲ့ ကြိုးတံတားအနီးမှာ ပြန်လည်တည်ဆောက်ထားတာပါ။ တံတားသစ် ရေရှည်တည်တံ့ဖို့ ဒေသခံတွေက ၀ိုင်းဝန်းထိန်းသိမ်းစေလိုတယ်လို့လည်း တံတားအသစ်ဖွင့်လှစ်တဲ့ အခမ်းအနားရဲ့ မိန့်ခွန်းမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းခဲ့ပါတယ်။ 
တံတားသစ်ဟာ နှစ်ဖက်ချဉ်းကပ်လမ်းတွေ အပါအဝင် စုစုပေါင်း တံတားအရှည် ပေ (၂၇၀၀) ကျော်ရှိပြီး၊ တံတားအကျယ် (၃၄) ပေ ရှိပါတယ်။ ယာဉ်တစ်စီးခြင်း ဖြတ်သန်းနိုင်တဲ့ အမြင့်ဆုံး ခံနိုင်ဝန်အားကတော့ တန် (၆၀) ရှိတယ်လို့လည်း သိရပါတယ်။ မြောင်းမြကြိုးတံတားဟောင်းဟာ (၂၀၁၈) ခုနှစ် ဧပြီလ (၁) ရက်၊ မနက် (၂)နာရီခန့်မှာ ပျက်ကျခဲ့ပါတယ်။

အခု မြောင်းမြတံတား အသစ်ကို ကျပ်သန်းပေါင်း (၂၀၀၀၀)ခန့် ကုန်ကျခဲ့ပြီး တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့ (၁)က တာဝန်ယူ တည်ဆောက်ခဲ့တာပါ။ 







သတင်း/ဓာတ်ပုံ- နိုင်မင်းထက်၊ အောင်မင်း (မြောင်းမြ)
One News Myanmar 

0 comments:

Post a Comment