Saturday, March 30, 2019

"ထာဝရငြိမ်းချမ်းရေး ဓမ္မသဘင်" ပြည်သူ့ရင်ပြင်တွင် နက်ဖြန်စတင်ကျင်းပမည်



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့် ယဉ်ကျေးမှုဝန် ကြီးဌာနကကြီးမှူးကျင်းပမယ့် ”ထာဝရငြိမ်းချမ်းရေး ဓမ္မသဘင်"ကို နက်ဖြန် ဧပြီ(၁)ရက်နေ့ကစတင်ပြီး ပြည်သူ့ရင်ပြင်မှာ ကျင်းပတော့မှာဖြစ်ပါတယ်။ 

"ထာဝရငြိမ်းချမ်းရေး ဓမ္မသဘင်”ကိုဧပြီလ(၁)ရက် နေ့ကနေ (၅)ရက်နေ့အထိ ၅ရက်တိုင်တိုင်ကျင်းပသွားမှာဖြစ်ပြီးတရားပွဲကို ညစဉ်၇နာရီမှာစတင်မှာဖြစ်ကာ မည်သူမဆိုတရားနာ ကြွရောက်နိုင်ကြပါတယ်။ 

ဧပြီလ(၁)ရက်နေ့မှာ ချမ်းမြေ့ဆရာတော် အရှင်ဇနကာဘိဝံသ၊ ဧပြီလ(၂)ရက်နေ့မှာ တိပိဋကဓရ ယောဆရာတော် အရှင်သိရိန္ဒာဘိဝံသ၊ ဧပြီလ(၃)ရက်နေ့မှာ တောင်စွန်းဆရာတော် ဓမ္မဘေရီ အရှင်ဝီရိယ၊ ဧပြီလ(၄)ရက်နေ့မှာ ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကနဲ့ ဧပြီလ(၅)ရက် နေ့မှာ အောက်စဖို့ဒ် ဆရာတော် အရှင်ဓမ္မသာမိတို့က တရားအလှူပေး ဟောကြားကြမှာဖြစ်ပါတယ်။ 

Popular News Journal 

0 comments:

Post a Comment