Saturday, March 30, 2019

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံကြောင်း ရှေ့နေများ ဆန္ဒထုတ်ဖော်


၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ထောက်ခံကြောင်း ရှေ့နေများစုပေါင်း၍ ယမန်နေ့တွင် ရန်ကုန်မြို့လယ်၌ ဆန္ဒထုတ်ဖော်ခဲ့သည်။ 
မြန်မာနိုင်ငံရှေ့နေများအဖွဲ့ အစည်း အသီးသီးမှ တရားလွှတ် တော်ရှေ့နေ ၅၀ ကျော်က မဟာ ဗန္ဓုလပန်းခြံရှေ့တွင် ဆန္ဒထုတ် ဖော်ခြင်းဖြစ်သည်။ 

‘‘ပြည်သူတွေအတွက် ပေါ် ပေါက်လာတိုင်း ကျွန်တော်တို့ရှေ့ နေတွေ မားမားမတ်မတ်ရှေ့က နေရပ်ပြီးတော့ ရပ်ခဲ့ကြပြီးဖြစ်ပါ တယ်။ အခုလည်း ကျွန်တော်တို့ နိုင်ငံမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးဆိုတဲ့ နိုင်ငံရဲ့ အရေးကြီးဆုံးသောကိစ္စရပ်ကို ကျွန်တော်တို့ရှေ့နေများက ဦး ဆောင်ပြီးတော့ ဒီနေ့ထောက်ခံပွဲ ကျင်းပခြင်းဖြစ်ပါတယ်’’ ဟု တ ရားလွှတ်တော်ရှေ့နေ ဦးအောင် စိုးဦးက ပြောသည်။ 

ယမန်နေ့က ပြုလုပ်သည့် ခြေဥပြင်ဆင်ရေး ထောက်ခံ ကြောင်း ဆန္ဒထုတ်ဖော်မှုသည် မြန်မာနိုင်ငံရှိ ရှေ့နေအားလုံးက ပြည်သူများ၏ ဆန္ဒနှင့်အညီ ထောက်ခံခြင်းဖြစ်ကြောင်း ၎င်း က ဆက်လက်ပြောသည်။ 

‘‘ရှေ့နေတွေ အားလုံးပါ တယ်။ ဘာကြောင့်ပြင်သင့်တယ် ဆိုတာ သိစေချင်တာပါ’’ ဟု တရားလွှတ်တော်ရှေ့နေ ဦးရော ဘတ်စန်းအောင်က ပြောသည်။ 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ထောက်ခံအား ပေးသည့် ဆန္ဒပြပွဲများနှင့် ယင်းဖွဲ့ စည်းပုံအခြေခံဥပဒေကို အပြီး ဖျက်သိမ်းရေး ဆန္ဒပြတောင်းဆိုမှု နေရာအနှံ့အပြားတွင် ပြည်သူ များက ဆန္ဒပြတောင်းဆိုနေကာ ရန်ကုန်မြို့လယ်တွင် လေးကြိမ် တိုင် ပြုလုပ်ခဲ့သည်။ 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်မှုနှင့်ပတ်သက်ပြီး ခိုင်မာမှုရှိသော ဥပဒေသည် အ ကောင်းဆုံးဖြစ်သော်လည်း ပြီး ပြည့်စုံသော ဥပဒေဆိုသည်မှာ မရှိသဖြင့် လိုအပ်ချက်များ ပြင် ဆင်ဖြည့်စွက်ရမည်ဖြစ်ကြောင်း ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မတ်လ ၂၇ ရက်၌ နေ ပြည်တော်တွင် ကျင်းပသော (၇၄) နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပြော ကြားထားသည်။ ဖွဲ့စည်းပုံပြင် ဆင်ရာတွင် မလိုလားအပ်သည့် နိုင်ငံရေး အကျပ်အတည်းနှင့် ဘေးထွက်ဆိုးကျိုးများမဖြစ်စေ ရန် အခြေခံဥပဒေ အခန်း (၁၂) ပါ ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ခြင်း နည်းလမ်းများအတိုင်း ဥပဒေနှင့်အညီ အဆင့်ဆင့်လုပ် ဆောင်ရမည်ဟုလည်း ၎င်းကဆို သည်။ 

ဇန်နဝါရီ ၂၉ ရက်က ကျင်း ပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံအ ခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်း ကော်မတီဖွဲ့ရန် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ် စားလှယ် ဦးအောင်ကြည်ညွန့်က အရေးကြီးအဆိုအဖြစ် တင်သွင်း ခဲ့သည်။ ကန့်ကွက်မှုများရှိသော် လည်း ပူးပေါင်းကော်မတီဖွဲ့စည်း ပြီး ဥပဒေပြင်ဆင်ရေးလုပ်ငန်း များ စတင်နေပြီဖြစ်သည်။

7Day

0 comments:

Post a Comment