Sunday, March 31, 2019

ဖိလစ်ပိုင်မှာ သူပုန်လို့ မသင်္ကာသူတွေကို ရဲတပ်ဖွဲ့ စီးနင်းတိုက်ခိုက်


ဖိလစ်ပိုင်နိုင်ငံမှာ ကွန်မြူနစ်သူပုန်တွေအဖြစ် မသင်္ကာသူတွေကို ရဲတပ်ဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့လို့ သေဆုံးသွားသူ ၁၄ ဦးဟာ လယ်သမားတွေဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ 
စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေက အလယ်ပိုင်းပြည်နယ်တစ်ခုက မြို့တစ်မြို့မှာ တရားရုံးအမိန့်နဲ့ နေအိမ်တွေကို ၀င်ရောက်ရှာဖွေရာမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ လူ ၁၄ ဦး သေဆုံးသွားခဲ့ပြီး မသင်္ကာသူ ၁၅ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ရဲအရာရှိတစ်ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။ 
လူ့အခွင့်အရေးအဖွဲ့တွေနဲ့ လယ်သမားအဖွဲ့တွေကတော့ သေဆုံးသူတွေဟာ လယ်သမားတွေဖြစ်ကြပြီး ရွာလူကြီးနှစ်ဦးလည်း ပါဝင်တယ်လို့ ပြောပါတယ်။ ဒါ့ပြင် ဒီကိစ္စအပေါ် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ဆောင်ရွက်ဖို့လည်း တောင်းဆိုကြပါတယ်။ 
ရဲတပ်ဖွဲ့ကတော့ သေဆုံးသူတွေဟာ တရားလက်လွတ် အသတ်ခံရသူတွေ မဟုတ်ကြောင်း၊ ဒီလအတွင်း ရဲဌာနတစ်ခုကို တိုက်ခိုက်ဖို့ ကြံစည်းခဲ့တဲ့ ပြည်သူ့တပ်မတော်သစ် အမည်ရှိ သူပုန်အဖွဲ့နဲ့ လိုင်စင်မဲ့ လက်နက်တွေကို ရှာဖွေခဲ့စဉ်အတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ကြောင်း ပြောဆိုပါတယ်။ 
ဖိလစ်ပိုင် တောင်ပိုင်းမှာ ၂၀၁၇ ခုနှစ်က IS အဖွဲ့နဲ့ ဆက်စပ်နေတဲ့ အစွန်းရောက်စစ်သွေးကြွ သူပုန်တွေ အပါအ၀င် တခြားလက်နက်ကိုင်အဖွဲ့တွေကြောင့် မာရှယ်လော စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။ 

Photo: NOEL CELIS / AFP
RFA

0 comments:

Post a Comment