Sunday, March 31, 2019

အမြန်လမ်းတွင် မော်တော်ယာဉ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားရာ (၁)ဦးသေဆုံး


ယနေ့နံနက် ၆နာရီခွဲခန့်က နေပြည်တော်-မန္တလေးအမြန်လမ်း မိုင်တိုင် ၂၇၈/၇အနီးတွင် ISUZU BIGHORN ခဲရောင် မော်တော်ယာဉ်တစ်စီးတိမ်းမှောက်ခဲ့ပြီး(၁)ဦးသေဆုံးခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ 
အဆိုပါယာဉ်မှာ အရှိန်မထိန်းနိုင်ပဲ လမ်းလယ်ကျွန်းပေါ်ကျော်တက်ကာ တစ်ဖက်ယာဉ်ကြော ဘယ်ဘက်အခြမ်းတွင် တိမ်းစောင်းရပ်တန့်သွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ 

ယာဉ်ပေါ်ပါ(၃)ဦးမှာ ဒဏ်ရာများ(စိုးရိမ်ရ) ရရှိခဲ့သဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ပေပင်လေးစခန်းတပ်ဖွဲ့ဝင်များနှင့် အထောက်အကူအဖွဲ့များမှ ကူညီဆောင်ရွက်ပေးခဲ့ကြသည်။ 

ယာဉ်ကိုမောင်းနှင်လာသူမှာ သထုံမြို့ရှိ အမြောက်တပ်မှဗိုလ်ကြီးတစ်ဦး ဖြစ်ပြီး ကျန်နှစ်ဦးမှာ ၎င်း၏ဇနီးနှင့်သားဖြစ်ကြောင်း ကနဦးစိစစ်ချက်အရသိရသည်ဟု အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ထားသည်။ 

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် သားဖြစ်သူမှာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း ကနဦးသတင်းအဖြစ် သိရသည်။ 

ဖူးဖူးအောင် 
Photo - အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး
Popular News Journal 

0 comments:

Post a Comment