Saturday, March 30, 2019

ဘီလျံနာများ ခရီးလည်ပတ်ရန် စိတ်ဝင်စားဆုံး နိုင်ငံများစာရင်းတွင် မြန်မာပါဝင်

Business Insider ဝက်ဘ်ဆိုက်က ကမ္ဘာပေါ်တွင်အချမ်းသာဆုံးဘီလျံနာသူဌေးကြီးများကြား ခရီးသွားလည်ပတ်ရန် ရေပန်းစားသည့် နိုင်ငံများစာရင်းကို စုစည်းဖော်ပြရာ မြန်မာနိုင်ငံလည်း ပါဝင်သည်။ 
အမေရိကန် အခြေစိုက်စီးပွားရေး သတင်းအချက်အ လက် ဝက်ဘ်ဆိုက်ကြီးက ယနေ့ ခေတ် ဘီလျံနာသူဌေးကြီးများအနေဖြင့် လနှင့်ချီကြာမြင့်သော အပန်းဖြေခရီးများ သွားရောက်ရန်ပိုမိုစိတ်ဝင်စားလာပြီး သဘာဝ ပတ်ဝန်းကျင် အလှအပရှုခင်းပေါ များသည့် နေရာများကို ပိုမိုစိတ် ဝင်စားလာကြောင်း ဖော်ပြသည်။ 

Business Insider က တန်ဖိုးကြီး ခရီးသွားဝန်ဆောင်မှု လုပ်ငန်းဖြစ်သည့် Original Travel နှင့် ပူးပေါင်းပြီး ၂၀၁၉ အတွက် ဘီလျံနာ သူဌေးကြီးများ၏ စိတ်အာရုံကို အဖမ်းစားနိုင်ဆုံး ခရီးစဉ် ဖြစ်နိုင်သည့် နိုင်ငံ ၁၅ ခုကို စိစစ် ရွေးချယ်ဖော်ပြခဲ့သည်။ 

ထိုစာရင်း၌ ပြင်သစ်၊ ဗြိတိန်တို့ကဲ့သို့ ဖွံ့ဖြိုးတိုးတက်ပြီး ကြွယ်ဝချမ်းသာနေသော နိုင်ငံများ၊ အာဖ ရိကတိုက်မှ ရှုခင်းလှပသော နိုင်ငံ များနှင့် အရှေ့တောင်အာရှ၊ တောင်အာရှဒေသများမှ အိန္ဒိယ၊ ဘူတန်နှင့် မြန်မာနိုင်ငံတို့လည်း ပါဝင်သည်။ 

မြန်မာနိုင်ငံနှင့် ပတ်သက်၍ Business Insider က ဖော်ပြထားရာတွင် ဘီလျံနာသူဌေးကြီးများ ပိုင်ဆိုင်သည့် ဇိမ်ခံရွက်လှေများ ကို ရန်ကုန်နှင့် ပုဂံတို့ကြား ဧရာ ဝတီမြစ်ကြောင်းတစ်လျှောက် အ စုန်၊ အဆန် ခုတ်မောင်းသွားလာ ရင်း ရှုမျှော်ခင်းများ ခံစားကြည့်ရှု ရခြင်းသည် အကောင်းဆုံး ခရီးသွားအတွေ့အကြုံတစ်ခု ဖြစ်လာမည်ဟု ပါဝင်သည်။ ထို့အပြင်မြန်မာနိုင်ငံ၏ အလှဆုံးကမ်းခြေ တစ်ခုဖြစ်သည့် ငပလီကိုလည်းမဖြစ်မနေ သွားရောက်သင့် ကြောင်း Original Travel က ထောက်ခံချက်ပေးထားသည်။ 

မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့တော် ရန်ကုန်တွင်လည်း ရွှေတိဂုံစေတီတော်ကြီးသည် ကမ္ဘာလှည့်ခရီးသွားတိုင်း အရောက်သွားကြ သော အထင်ကရနေရာတစ်ခုဟု Original Travel က ဆိုသည်။ Original Travel က ရန်ကုန်အ လည်အပတ် ခရီးစဉ်အတွက် ဝန် ဆောင်မှုပေးသည့်အခါ ရှင်ပြုရဟန်းခံ အလှူပွဲများတွင်ပါ ကမ္ဘာလှည့်ခရီးသွားများ ပါဝင်နိုင်အောင် ကူညီပေးကြောင်း သိရသည်။ 

Business Insider က ဖော်ပြသည့် ဘီလျံနာသူဌေးကြီးများ အလည်အပတ်သွားရောက်ရန် စိတ်အဝင်စားဆုံး အခြားနိုင်ငံ ၁၄ ခုသည် မွန်တီနီဂရိုး၊ အိုမန်၊ ပြင်သစ်၊ ဗြိတိန်၊ အိန္ဒိယ၊ ချီလီ၊တူရကီ၊ ဆီချလိစ်၊ ရဝမ်ဒါ၊ဘူတန်၊ ကိုလံဘီယာ၊ အိုက် စလန်၊ ဂျပန်နှင့် အီဂျစ်တို့ ဖြစ် သည်။ 

Ref: Business Insider
7Day

0 comments:

Post a Comment