Saturday, March 30, 2019

TNLA နှင့် SSA (ဝမ်ဟိုင်း)ပူးပေါင်းအဖွဲ့မှ ထောင်ထားသော တိုက်မိုင်းတစ်လုံး တိုက်မိ ပေါက်ကွဲ၍ အပြစ်မဲ့ ပြည်သူသုံးဦး သေဆုံး၊ လေးဦးဒဏ်ရာများ ရရှိ


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့နယ်၊ မန်လီကျေးရွာနေ ရွာသူ/ရွာသား ခုနစ်ဦးတို့သည် ယနေ့နံနက် ၆ နာရီခန့်တွင် တောင်ယာသို့ သွားရောက်စဉ် ကျေးရွာ၏ အရှေ့ဘက်၎ ဖာလုံခန့် အကွာသို့အရောက်၌ TNLA နှင့် SSA (ဝမ်ဟိုင်း) ပူးပေါင်းအဖွဲ့မှ ထောင်ထားသော တိုက်မိုင်းတစ်လုံးအား တိုက်မိပေါက်ကွဲခဲ့သဖြင့် မအေးအောင်(ဘ)ဦးအိုက်ကွမ်း၊ ဦးအိုက်ဟုန်း (ဘ) ဦးအိုက်မွန်းနှင့် မောင်အိုက်လောင်(ဘ)ဦးအေးဝင်းတို့ သုံးဦးမှာ ၎င်းနေရာ၌ပင် မိုင်းစထိမှန် ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး မအေးကော့(ဘ)ဦးအိုက်ခမ်း၊ ဒေါ်အက်ေ ဆး (ဘ)ဦးစလိ၊ ဒေါ်အေးဆိုက်(ဘ)ဦးအိုက်ဆုတ်နှင့် မနန်းမိုနွမ်း(ဘ)ဦးအိုက်ဟင်းတို့ လေးဦးတွင် ဒဏ်ရာများ အသီးသီး ရရှိခဲ့သည်။ အဆိုပါ မိုင်းထိလူနာများအား သီပေါမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သတင်းရရှိသည်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment