Saturday, March 30, 2019

ဗဟိုဝန်ထမ်းတက္ကသိုလ်တွင် သင်တန်းတက်ရန်စာရင်းများတောင်းခံသော်လည်း ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးက လုပ်ငန်းအခက်အခဲကြောင့် ကင်းလွတ်ခွင့်များတင်ပြ


ဗဟိုဝန်ထမ်းတက္ကသိုလ်တွင် သင်တန်းတက် ရောက်ရန် စာရင်းများတောင်းခံသော်လည်း လုပ်ငန်းအခက်အခဲကြောင့် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးအနေဖြင့် ကင်းလွတ် ခွင့်များတင်ပြပြီး သင်တန်းသား ဦးရေပြည့်မီအောင် ပေးပို့ခြင်းမရှိကြောင်း သိရသည်။ 
နိုင်ငံ့ဝန်ထမ်းများအား အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်း များကို နားလည်ကျွမ်းကျင်၍ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ စွမ်း ရည်ပြည့်ဝစွာဖြင့် ဆောင်ရွက်နိုင်ရန် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက် မြန်မာပြည်)တွင် ဖွင့်လှစ်လျက်ရှိသော သင်တန်းများအတွက် တိုင်း ဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များသို့ သင်တန်းသားဦးရေလျာထား သတ်မှတ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ စာရင်းများတောင်းခံ လျက်ရှိကြောင်း သိရသည်။ 
ဌာနအများစုအနေဖြင့် သင်တန်းတက်ရောက်ရန် လက်ကျန် အင်အားများကျန်ရှိသော်လည်း သတ်မှတ်ထားသော သင်တန်းသား ဦးရေပြည့်မီအောင် စာရင်းပေးပို့ခြင်းမရှိဘဲ လုပ်ငန်းအခက်အခဲ ကြောင့် ကင်းလွတ်ခွင့်များတင်ပြလာသည်ကို စိစစ်တွေ့ရှိရကြောင်း ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးသို့ အကြောင်းကြားထားကြောင်း သိရသည်။ 
""ပညာရေးဌာနတစ်ခုတည်း ပို့တာမဟုတ်ပါဘူး။ ဌာနတွေအ ကုန်ပို့တာ။ စာထဲမှာလည်းပါတယ်။ ပညာရေးဌာနတစ်ခုတည်းက မပေးတာမျိုးမဟုတ်ဘူး။ ပညာရေးဌာနအနေနဲ့ကတော့ အမှန်တကယ် အလုပ်များတယ်။ ပြီးတော့သင်တန်းတွေရှိတယ်။ စာစစ်တဲ့လုပ်ငန်း တွေရှိတယ်။ ကင်းလွတ်တဲ့အခြေအနေရှိရင်တော့ စေလွှတ်ပါ တယ်။ မလွှတ်ဘဲမရှိပါဘူး။ တကယ်အခက်အခဲဖြစ်ရင်တော့ တစ် မျိုးပေါ့""ဟု ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ အရာရှိတစ်ဦး က ဒီမိုကရေစီတူဒေးသို့ မတ် ၃၀ ရက်က ပြောသည်။ 
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များအနေဖြင့် တိုင်းဒေသကြီးပညာရေးမှူးရုံးသို့ပေးပို့ထားသော သင်တန်းသား လက်ကျန်စာရင်းကို အသက်ကြီး/ငယ်စဉ်အရ တန်းစီဇယားပြုစုစေ လွှတ်လျက်ရှိရာ သင်တန်းသားများအား ပျက်ကွက်မှုမရှိစေရန်နှင့် ကင်းလွတ်ခွင့်တောင်းခံခြင်းများကို သေချာစွာစိစစ်ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သိရသည်။ 

ATK 
#Democracytoday

0 comments:

Post a Comment