Sunday, March 31, 2019

ရန်ကုန်မိုးပျံအမြန်လမ်း၊ ရန်ကုန်မြို့တော်အပြင်ပတ်လမ်း စီမံကိန်းနှင့် ပတ်သက်ပြီး ညှိနှိုင်းအစည်းအဝေး ပြုလုပ်


ရန်ကုန်မိုးပျံအမြန်လမ်း၊ ရန်ကုန်မြို့တော်အပြင်ပတ်လမ်း စီမံကိန်းနှင့် ပတ်သက်ပြီး ညှိနှိုင်းအစည်းအဝေးကို မတ်လ ၃၀ ရက်က ပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။ 
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ခန်းမ(၄)၌ ရန်ကုန်မိုးပျံအမြန်လမ်း၊ ရန်ကုန်မြို့တော်အပြင်ပတ်လမ်း စီမံကိန်း Draft Request for Proposal (RFP) Volume (1) (2) (3) နှင့်ပတ်သက်ပြီး ပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ 

အဆိုပါ အစည်းအဝေးသို့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။ 

The Ladies News

0 comments:

Post a Comment