Saturday, March 30, 2019

ချမ်းအေးသာစံမြို့နယ်တွင် Beauty Saloon ရှိ ချွေးထုတ် ရေနွေးငွေ့စက် အပူလွန်ကဲရာမှ မီးလောင်



၂၀၁၉ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ ည ၉ နာရီ၁၅မိနစ်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ၇၂ လမ်း၊ ၂၆×၂၇ လမ်းကြားတွင်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၃)နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သည်။ 

မီးလောင်မှု့ ဖြစ်ပွားရသည့် ဖြစ်စဉ်မေးမြန်းရာတွင်ဦးသန်း အောင်(၅၄)နှစ် ပိုင်ဆိုင်သော(၄)ထပ်တိုက် ပထမထပ်တွင် ၎င်းကိုယ်တိုင်ဖွင့်လှစ်ထားသည့် Beauty Saloon အလှ ပြင်ဆိုင်အတွင်းရှိ ချွေးထုတ်ရာတွင် အသုံးပြုသည့်ရေနွေး ငွေ့စက်အပူလွန်ကဲ၍မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 
ဦးသန်းအောင်အားအမှတ်(၃)နယ်မြေရဲစခန်း(ပ)၁၈၉/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထား သည်။ 

Creditး ရဲဇာနည် 
The Ladies News 


0 comments:

Post a Comment