Sunday, March 31, 2019

အချိန်အခါမဟုတ် လေပြင်းတိုက် မိုးရွာခဲမှုကြောင့် မြောက်ဦးမြို့တွင် သစ်ပင်တစ်ချို့နှင့် ဓာတ်မီးတိုင်အချို့ လဲကျမှုဖြစ်ပေါ်ခဲ့


အချိန်အခါမဟုတ် လေပြင်းတိုက် မိုးရွာခဲမှုကြောင့် မြောက်ဦးမြို့တွင် သစ်ပင်တစ်ချို့နှင့် ဓာတ်မီးတိုင်အချို့ လဲကျမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ 
အဆိုပါလေပြင်းသည် ဧပြီလ ၁ ရက် နံနက် ၁၂ နာရီကျော်အချိန်ခန့်တွင် တိုက်ခတ်ခဲ့ခြင်းဖြစ်ကာ မိုးအနည်းငယ် ရွာသွန်းခဲ့ကြောင်းနှင့် ယင်းသို့လေပြင်းတိုက်ခတ်ခဲ့သည့်အတွက် အချို့သော စစ်ဘေးရှောင်ကယ်ဆယ်ရေး စခန်းများတွင်လည်း ယာယီတဲများ ပြိုလဲပျက်ကျမှုများ ရှိခဲ့ကြောင်း သိရသည်။ 

"ည ၁၂ နာရီကျောက်လောက်က တိုက်ခတ်သွားတာဗျ၊ လေက တော်တော်ပြင်းတယ်။ မနက်လင်းတော့ မီးတိုင်တွေ၊ ဖုန်းကြိုးတိုင်တွေ၊ သစ်ပင်တွေ ကျိုးကျနေတာကို တွေ့ရတယ်။ တစ်ချို့ ကယ်ဆယ်ရေးစခန်းတွေမှာလည်း တဲတွေ ပြိုကျသွားတယ်လို့ သိရတယ်၊ အသေးစိတ်ကတော့ မသိရသေးဘူး" ဟုလည်း မြောက်ဦးမှဒေသခံတစ်ဦးက ပြောသည်။ 

လေပြင်းတိုက်မှုကြောင့် မီးတိုင် သုံးတိုင်၊ ဖုန်းကြိုးတိုင် နှစ်တိုင်တို့ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ထိုသို့ ဓာတ်မီးတိုင်များ ကျိုးကျပြိုလဲမှုများ ရှိခဲ့သော်လည်း လူကို ထိခိုက်မှုမရှိကြောင်း၊ သစ်ပင် ကျိုးကျသည်များကိုလည်း ရှင်းလင်းဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment