Sunday, March 31, 2019

တောင်ငူ နှစ်လောင်းပြိုင်လူသတ်မှု ၄ လအတွင်း အပြီးစစ်ဆေးရန်ဆုံးဖြတ်



တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်၊ မင်းကြီးဆွေရပ်တွင် ဖေဖော်ဝါရီလကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် တောင်ငူနှစ်လောင်းပြိုင်လူသတ်မှုကို ရက်ပေါင်း ၁၂၀ အတွင်း အပြီးစစ်ဆေးမည်ဖြစ်ကြောင်း တောင်ငူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။ 
“နှစ်ဖက်သက်သေတွေကို လေးလအတွင်းမှာ အပြီးစစ်ဆေးဖို့ဆုံးဖြတ်တယ်။ ဥပဒေအရ အမှုကြီးငယ်အလိုက် ဘယ်ကာလမှာအပြီး စစ်ဆေးရမယ်ဆိုတဲ့ စီမံခန့်ခွဲမှုနည်းလမ်းအတိုင်း ကျင်းသုံးခဲ့တာပါ”ဟု တောင်ငူမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။ 

ယင်းလူသတ်မှုနှင့်ပတ်သက်ပြီး ဧပြီ ၁ ရက်နံနက်က တရားရေးဌာနနှင့် သက်ဆိုင်ရာရဲတပ်ဖွဲ့ တာဝန်ရှိသူများပါဝင်သည့် မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေးကျင်းပခဲ့ရာ ယင်းကဲ့သို့ဆုံးဖြတ်ခဲ့ပြီး ပြစ်မှုကျူးလွန်သည်ဟုဆိုသော သားအဖက အစိုးရရှေ့နေမယူဘဲ ရှေ့နေငှားရမ်းရန်တင်ပြခဲ့သည်။ 




ဓာတ်ပုံ-ဇေယျာကို 
The Voice


0 comments:

Post a Comment