Sunday, March 31, 2019

ယူကရိန်းသမ္မတရွေးကောက်ပွဲ လူရွှင်တော်တစ်ဦး အံ့အားသင့်ဖွယ် ဦးဆောင်


ယူကရိန်းနိုင်ငံတွင် သမ္မတရွေးကောက်ပွဲ ပထမအကျော့ ကျင်းပပြုလုပ်လျက်ရှိရာ ပြည်သူများ မဲပေးနေကြပြီး သမ္မတလောင်းများတွင် လူရွှင်တော်တစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ရာ မထင်မှတ်ဘဲ ၎င်းက မဲများစွာဖြင့် ဦးဆောင်နေကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။ 
လက်ရှိသမ္မတ ပီထရိုပိုရိုရှန်ကိုသည် ထပ်မံရွေးကောက်ခံရရန် ကြိုးစားလျက်ရှိသော်လည်း ဦးဆောင်နေသူမှာ ရုပ်သံ ဟာသတင်ဆက်သူ ဗိုလိုဒီမာဇလန်စကီး ဖြစ်သည်။ 

ဝန်ကြီးချုပ်ဟောင်း ယူလီယာ တိုင်မိုရှန်ကိုကဲ့သို့ပင် သမ္မတလောင်း နှစ်ဦးလုံးက ရုရှားထက် ဥရောပဘက်ကို ပိုမိုလိုလားသော သဘောထားအမြင်များကို ပြသခဲ့သည်။ 

ရုရှားလိုလားသော သမ္မတလောင်းများရှိပါသော်ငြား အလေးထားမှုလောက် စရာပမာဏတော့ မရရှိကြပေ။ 

မည်သည့်သမ္မတလောင်းကမှ မဲရလဒ်၏ ၅၀ ရာခိုင်နှုန်းကို မရခဲ့ပါလျှင် ထိပ်ဆုံးမဲအများဆုံးရသူနှစ်ဦးက ဒုတိယမြောက်ရွေးကောက်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

မဲလက်မှတ်တွင် သမ္မတလောင်း ၃၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး မဲအများဆုံးရသူ ထိပ်ပိုင်းများသာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခွင့်အတွက် မျှော်လင့်ချက်ရှိမည်ဖြစ်သည်။ 

ယူကရိန်းသမ္မတသည် လုံခြုံရေး၊ တိုင်းပြည်ကာကွယ်ရေးနှင့် နိုင်ငံခြားရေး မူဝါဒတို့အပေါ် ကွပ်ကဲဦးဆောင်ရပြီး ဆိုဗီယက်နိုင်ငံဟောင်းဖြစ်သော ယူကရိန်းသည် သမ္မတစနစ်ဖြစ်သော်လည်း သမ္မတ စနစ်ကဲ့သို့ လုံးလုံးအုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးက သီးခြားစီ ထိန်းကျောင်းခြင်း မဟုတ်ပေ။ 

ပိုရိုရှန်ကိုသည် လူချမ်းသာထိပ်သီး နိုင်ငံရေးအသိုင်းအဝိုင်းမှဖြစ်ကာ ရုရှားဘက်တော်သား သမ္မတဟောင်း ဗစ်တာ ယာနူကိုဗစ်ခ်ျကို ဖြုတ်ချပြီးနောက်ပိုင်း ရွေးကောက်ပွဲဖြင့် တက်လာသူဖြစ်သည်။ 

၎င်းကို ပြိုင်ဆိုင်မည့် အသက် ၄၁နှစ်အရွယ် ဇာလန်စကီးသည် သာမန်ပြည်သူဘဝမှ သမ္မတဖြစ်လာကာ အကျင့်ပျက်ခြစားမှုများကို တိုက်ဖျက်သည့် ဟာသရုပ်သံတွင် သမ္မတအဖြစ်ပါဝင်သရုပ်ဆောင် ပြောင်လှောင်ခဲ့သူဖြစ်သည်။ 

ယခုအခါ တယ်လီဗေးရှင်းထဲမှ ဟာသသရုပ်ဆောင် သမ္မတကြီးသည် တကယ့် သမ္မတကြီးဖြစ်လာနိုင်ခြေရှိနေပြီး ရွေးကောက်ပွဲတွင် မဲရလဒ်ဦးဆောင်နေပြီဖြစ်သည်။ 

The Voice

0 comments:

Post a Comment