Saturday, March 30, 2019

လူဖြူ လူမျိုးရေး အမျိုးသားရေးဝါဒဆိုင်ရာများကို ပိတ်ပင်မည်ဟု Facebookဆို


လူဖြူ အမျိုးသားရေးဝါဒနှင့် ခွဲခြားပြောဆိုရေးသားမှုများကို ချီးကျူး၊ ထောက်ခံ၊ ကိုယ်စားပြု ရေးသားမှုများကို ဖယ်ရှားပိတ်ပင်သွားမည်ဟု လူမှုကွန်ရက် မီဒီယာ Facebookက ပြောကြား ထားသည်။ 
Facebook နှင့် ကုမ္ပဏီတစ်ခုတည်း ပိုင်ဆိုင်သော နောက်ထပ်လူမှုကွန်ရက် Instagram ကလည်း အဆိုပါ ရေးသားဖော်ပြချက်များကို ပိတ်ပင်သွားမည်ဟု ဖော်ပြထားသည်။ 

အကြမ်းဖက်အုပ်စုများ၏ အဖျက် အမှောက် လုပ်ရပ်များကို ခွဲခြားစိတ်ဖြာကာ ပိတ်ပင်မှုများကိုဆောင်ရွက်ရာ၌ တိုးတက်စေရေးအတွက် လူမှုကွန်ရက် မီဒီယာကုမ္ပဏီကြီးက ကတိပြုထားသည်။ 

ရန်လိုသော အရေးအသားများဖြင့် ရှာဖွေမှုများပြုလုပ်ပါက လက်ယာစွန်းရောက် အကြမ်းဖက်ဝါဒကို တိုက်ဖျက်သော ပရဟိတအဖွဲ့၏ စာမျက်နှာသို့ ရောက်သွားအောင် ဖန်တီးထားမည်ဖြစ်သည်။ 

နယူးဇီလန်တွင် ပြုလုပ်သော ဗလီနှစ်ခုကို အကြမ်းဖက် တိုက်ခိုက်မှုအား Facebook မှ တိုက်ရိုက်လွှင့်သွားခဲ့ပြီးနောက် အဆိုပါလူမှုကွန်ရက်မီဒီယာအပေါ် ဖိအားများရှိလာခဲ့သည်။ 

လူမျိုးရေးခွဲခြားမှုများ မပါဝင်ပါက လူဖြူအမျိုးသားရေးဝါဒီများ၏ ရေးသားဖော်ပြချက်များအပေါ် Facebook က ခွင့်ပြုပေးထားသည်။ 

လူဖြူတိုင်းရင်းသားပြည်နယ်များပေါ်လာရေး တောင်းဆိုရေးသားမှုများပင် လူမှုကွန်ရက် မီဒီယာများပေါ်တွင် ရှိလာခဲ့သည်။ 

သို့သော် ၃ လတိုင်တိုင် အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးခဲ့ပြီး နောက်ပိုင်းတွင် အမျိုးသားရေးဝါဒီများ၏ ရေးသားချက်များသည် လူဖြူလူမျိုးရေး ကြီးစိုးမှုဝါဒနှင့် မကွာကြောင်း ဖော်ပြခဲ့ကြသည်။ 

ဖွဲ့စည်းထားသော လူမျိုးရေး အမုန်းအုပ်စုများ၏ အမြင်အထင်များကို လူမှုကွန်ရက်ပေါ် ရောက်မလာစေရေး ပိတ်ပင်မှုများလုပ်မည်ဟု Facebook က ဆိုထားသည်။ 

နိုင်ငံအတော်များများတွင် အစွန်းရောက် အကြမ်းဖက်အုပ်စုများက ၎င်းတို့၏ အယူအဆများကို လူမှုကွန်ရက်ပေါ်တွင် ဖြန့်ချိလေ့ရှိသည်။ 

The Voice  

0 comments:

Post a Comment