Saturday, March 30, 2019

WeChat Pay ဖြင့် ငွေပေးချေမှုကို မန္တလေးလေဆိပ်တွင် စမ်းသပ်မည်



WeChat pay နဲ့ ငွေပေးချေမှုကို မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှာရှိတဲ့ ကုန်ပစ္စည်းဆိုင်တွေမှာ ဗဟိုဘဏ်ရဲ့ခွင့်ပြုချက်နဲ့ ကုမ္ပဏီ တစ်ခုက စမ်းသပ်လုပ်ဆောင် သွားမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဒေါ်မြင့်မြင့်ကြည်က ပြောပါတယ်။ မတ် (၂၉)ရက်က ပန်ပစိဖိတ်ဟိုတယ်မှာ WeChat pay နဲ့ ငွေပေးချေမှုကို ဆောင်ရွက်မယ့် (ပေးပြီးပြီ) ကုမ္ပဏီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။ 

WeChat pay ကို စမ်းသပ်ကာ လအဖြစ် ၃ လ နဲ့ အသုးံပြု ဝယ်ယူနိုင်တဲ့ ဆိုင် ၁၂ ဆိုင် ကို သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် WeChat pay ကို အပြီးတိုင် ခွင့်ပြုပေးတာမဟုတ်ပဲ စမ်းသပ်ကာလဖြစ်တာကြောင့် သတ်မှတ်ထားတဲ့နေရာမှာ အချိန်အတိုင်းအတာတစ်ခုထိပဲ အသုံးပြုခွင့်ရဦးမှာ ဖြစ်တယ်လို့ ဒေါ်မြင့်မြင့်ကြည်က ပြောပါတယ်။ 
စမ်းသပ်ကာလအတွင်း သုးံစွဲမှုအောင်မြင်ခဲ့ရင် ပေးပြီးပြီးကုမ္ပဏီ နဲ့ QF Pay တို့ လက်တွဲပြီး ထိုင်းနိုင်ငံက Prompt Pay နဲ့ Airpay၊ စင်္ကာပူနိုင်ငံက Nets Pay တို့ကို ထည့်သွင်း လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပေးပြီးပြီ ကုမ္ပဏီကို တည်ထောင်သူ ဦးစည်သူဖြိုးက ပြောပါတယ်။ 
WeChat pay ကို အသုံးပြုနိုင်တာကြောင့် နိုင်ငံခြားခရီးသွားနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေ အတွက် တိုးတက်မှုတွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံသားတွေအတွက် WeChat pay ဟာ လုံခြုံမှုလည်းရှိပြီး အလွယ်တကူ ငွေပေးချေနိုင်တယ်လို့လည်း ပြောပါတယ်။ 
(ပေးပြီးပြီ)ကုမ္ပဏီဟာ အခြားနိုင်ငံတွေမှာ QR နဲ့ ငွေပေးချေမှု လိုင်စင် ခွင့်ပြုခြင်းခံထားရတဲ့ မြန်မာနိုင်ငံက တစ်ခုတည်းသော ကုမ္ပဏီ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အခု We Chat Pay နဲ့ ငွေပေးချေမှုကို (ပေးပြီးပြီ) ကုမ္ပဏီနဲ့ QF pay နိုင်ငံတကာ ကုမ္ပဏီလီမိတက်နဲ့ ပူးပေါင်းပြီး စမ်းသပ်လုပ်ဆောင်မှာ ဖြစ်ပါတယ်။ 



သတင်း- ထက်အောင်လှိုင် 
One News Myanmar 

0 comments:

Post a Comment