Saturday, March 30, 2019

မန္တ​လေးနန်းမြို့ ကျုံး​ဘေးပတ်​လည်​ မဟာသင်္ကြန်​​ရေကစားမဏ္ဍပ်​များ စတင်​ပြင်​ဆင်


၂၀၁၉ ခုနှစ် မဟာသင်္ကြန်ပွဲတော်အတွက် မန္တလေးမြို့ နန်းမြို့ရိုးကျုံး​ဘေးမှာ စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်​ဖို့ မြို့တော်စည်ပင် သာယာရေးကော်မတီက သတ်​မှတ်ဧရိယာမှာ မတ်လ ၃၁ ရက်နေ့က ကြိုတင်ပြင်ဆင်တာတွေ လုပ်ဆောင်နေပါတယ်။ 
သင်္ကြန်ရေကစားမဏ္ဍပ်နေရာတွေ၊ ​လမ်းလျှောက်သင်္ကြန်နဲ့ တိုင်းရင်းသားသင်္ကြန်​၊ တောသင်္ကြန်နေရာတွေကို ပြင်ဆင်နေပါတယ်​။ 

ဒီနှစ်မှာတော့ လမ်းလျှောက်သင်္ကြန် ရေကစားမဏ္ဍပ်တွေ၊ စတုဒီသာမဏ္ဍပ်တွေ၊ တောသင်္ကြန် နေ့ညဈေးရောင်းမယ့် နေရာတွေ၊ ရေကစားမဏ္ဍပ်နေရာတွေကို ဦးရာလူစနစ်နဲ့​ ရောင်းချခဲ့သလို မဏ္ဍပ်ကြီးနေရာတွေကိုလည်း ဈေးပြိုင်စနစ်နဲ့ရောင်းချခဲ့ပါတယ်​။ 

နန်းမြို့ရိုးကျုံးပတ်လည်မှာ တောသင်္ကြန်ကျင်းပမယ့်နေ့၊ ညဈေးတန်းနေရာဆိုင်ခန်းတွေကို ၆၆ လမ်း၊ ၁၉လမ်းမှ ၂၃ လမ်းထိ ဆိုင်ခန်းပေါင်း ၂၁၈ ခန်းဖြစ်ပြီး တခန်းကို ငွေကျပ်ငါးသိန်းနဲ့ အာမခံကြေး ကျပ် ငါးသောင်းပေးသွင်းရမှာလည်း ဖြစ်​ပါတယ်​။ 

စတုဒီသာနဲ့လမ်းလျှောက် သင်္ကြန်ရေကစားမဏ္ဍပ်နေရာတွေအတွက်တော့ အကျယ်အ၀န်းပေါ် မူတည်ပြီး ၁၅ သိန်း၊ ၁၀ သိန်း၊ ကျပ်ငါးသိန်းစီ သတ်မှတ်ထားကာ ဦးရာလူစနစ်နဲ့ နေရာ ချထား​ပေးပါတယ်။ 

ဒီနှစ် ထူးထူးခြားခြား အစီအစဉ်အ​နေနဲ့ တိုင်းရင်းသားသွေးချင်းတွေရဲ့ ရိုးရာသင်္ကြန် ရိုးရာယဉ်​​ကျေးမှုတွေ ပါဝင်​သွားဖြစ်​ပါတယ်။







DVB

0 comments:

Post a Comment