Saturday, March 30, 2019

ရွှေ့ပြောင်း ဆယ်ကျော်သက် ၃ ဦး ရေနံတင်သင်္ဘောကို ပြန်ပေးဆွဲမှုဖြင့် စွဲချက်တင်ခံရ


လစ်ဗျားကမ်းလွန်ကနေ ကယ်ဆယ်ခဲ့တဲ့ ရွှေ့ပြောင်းလာသူတွေထဲက ဆယ်ကျော်သက် ၃ ယောက်ဟာ ကယ်ဆယ်တဲ့ ရေနံတင် သင်္ဘောငယ်ကို ပြန်ပေးဆွဲဖို့ ကြိုးပမ်းမှုနဲ့ မတ် ၃၀ ရက်နေ့က မော်လ်တာ တရားရုံးမှာ စွဲချက်တင်ခံရပါတယ်။ 
အဲဒီ ဆယ်ကျော်သက် ၃ ယောက်ဟာ ဒီသီတင်းပတ်အတွင်း အယ်လီဘူဝမ်း ဆိုတဲ့ ရေနံတင်သင်္ဘောငယ်က ကယ်ဆယ်ခဲ့တဲ့ အာဖရိကန်ဒုက္ခသည် ၁၀၈ ယောက်ထဲက ဖြစ်ပြီး သူတို့က သူတို့မှာ အပြစ်မရှိဘူးလို့ ပြောဆိုပါတယ်။ 

မတ်လ ၂၇ ရက်နေ့မှာ ကယ်ဆယ်ခဲ့တဲ့ သင်္ဘောအမှုထမ်းတွေကို သူတို့အား လစ်ဗျားပြန်မပို့ဘဲ မော်လ်တာနိုင်ငံကို ပို့ဖို့ ခြိမ်းခြောက်ခဲ့တယ်ဆိုပြီး စွပ်စွဲခံရပါတယ်။ 

ဒီအတွက် မော်လ်တာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အဲဒီရေနံတင်သင်္ဘောငယ်ပေါ်တက်ပြီး သင်္ဘောကို ဗယ်လက်တာ ဆိပ်ကမ်း ကပ်ခိုင်းခဲ့တယ်လို့ သိရပါတယ်။ 

တရားခံ ၃ ယောက်ဟာ အသက် ၁၅ နှစ်၊ ၁၆ နှစ် နဲ့ ၁၉ နှစ်အရွယ်တွေ ဖြစ်ပြီး တဦးက အိုင်ဗရီကို့စ်နဲ့ ကျန်နှစ်ဦးကတော့ ဂီနီနိုင်ငံတွေက ဖြစ်ပါတယ်။ 

မြေထဲပင်လယ်ကို ဖြတ်ပြီး ၀င်ရောက်လာတဲ့ ဒုက္ခသည်တွေ တဟုန်ထိုး မြင့်တက်ပြီးကတည်းက အီးယူနိုင်ငံတွေအကြား ရွှေ့ပြောင်းလာသူအရေးနဲ့ ပတ်သက်လို့ သဘောထားကွဲလွဲတာတွေ ဖြစ်ပေါ်နေပါတယ်။ 

ဒီပြသနာကြောင့် လူမှုရေးနဲ့ လုံခြုံရေးပိုင်း ဆောင်ရွက်ရတာတွေ များလာခဲ့ပြီး လက်ယာစွန်းတွေ၊ အမျိုးသားရေးဝါဒီတွေနဲ့ လူထုကြိုက် အဖွဲ့အစည်းတွေကို ထောက်ခံတာတွေ မြင့်တက်လာပါတယ်။

DVB

0 comments:

Post a Comment