Saturday, March 30, 2019

စည်ပင်ကိုယ်စားလှယ်များ ပြည်သူ့အကျိုးကို လုပ်ဆောင်ပေးရန် စည်ပင်ရွေးကောက်ပွဲသို့ မဲလာပေးစဉ် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြောကြား


စည်ပင်ကိုယ်စားလှယ်များ ပြည်သူ့အကျိုးကို လုပ်ဆောင်ပေးရန် စည်ပင်ရွေးကောက်ပွဲသို့ မဲလာပေးစဉ် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။ 
မတ် ၃၁ ရက်တွင်ပြုလုပ်သည့် ရန်ကုန်စည်ပင်ရွေးကောက်ပွဲသို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်မှာ နေပြည်တော်မှ တစ်ဆင့် မတ် ၃၀ ရက်က လာရောက်ခဲ့ခြင်းဖြစ်ပြီး နံနက် ၈ နာရီတွင် မဲရုံသို့ ရောက်ရှိကာ မဲပေးခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်မှာ မဲစာရင်း ပါဝင်သည့် တာမွေမြို့နယ် ကျားသစ်ရပ်ကွက်ရှိ မဲရုံအမှတ် (၃) တွင် မဲပေးခဲ့ခြင်းဖြစ်သည်။ 

“ စည်ပင်ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူ့အကျိုးကို လုပ်ဆောင်ပေးဖို့ နိုင်ငံသူ နိုင်ငံသားများ စိတ်နှလုံချမ်းမြေ့ဖို့ ဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတက မဲပေးအပြီး ပြန်လည်ထွက်ခွာလာစဉ် ပြောကြားသည်။ 

နိုင်ငံတော်သမ္မတဦးဝင်းမြင့်မဲပေးသည့် တာမွေမြို့နယ်တွင် မဲရုံ ၈၂ ရုံရှိပြီး မဲဆန္ဒရှင် ၉၉၈၂၇ ဦးရှိသည်။ စည်ပင်သာယာ ရွေးကောက်ပွဲတွင် ရန်ကုန်မြို့၌ မဲပေးခွင့်ရှိသူ လူဦးရေ ၃ သန်းကျော်ရှိကြောင်း စည်ပင်ရွေးကောက်ပွဲကော်မရှင် မှ သိရသည်။ 

ယင်းအပြင် သမ္မတဦးဝင်းမြင့်မဲပေးသည့် မဲရုံတွင် တိုင်ကြားစာလက်ခံရေးဌာနကိုလည်း ဖွင့်လှစ်ထားပြီး မဲပေးသူထက် တိုင်ကြားစာ လာရောက်ပေးပို့သူက ပိုများနေသည်ကို တွေ့ရကြောင်း အဆိုပါနေရာတွင် ရောက်ရှိနေသည့် The Daily Eleven သတင်းစာ၏ သတင်းထောက်က နံနက် ၈ နာရီခွဲခန့်က သတင်းပေးပို့သည်။





Eleven Media Group

0 comments:

Post a Comment