Saturday, March 30, 2019

မြောက်ဦးအပါအဝင် ရခိုင်သုံးမြို့နယ်သို့ ခရီးမသွားသင့်ကြောင်း ကန်သံရုံးထုတ်ပြန်

ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ မြောက်ဦးမြို့နယ်အပါ အဝင် ရခိုင်ပြည်နယ် မင်းပြားမြို့ နယ်နှင့် ကျောက်တော်မြို့နယ်ကို ခရီးသွားလာရန် မသင့်သော နေရာဒေသ အဆင့် (၄)အဖြစ် သတ်မှတ်ကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက မတ်လ ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။ 
အဆိုပါ မြို့နယ်များသည် လက်နက်ကိုင်ပဋိပက္ခနှင့် ဒေသ တွင်း မငြိမ်သက်မှုများ ဖြစ်ပွားနေ သဖြင့် ခရီးသွားလာရန် မသင့် သော နေရာဒေသအဖြစ် သတ် မှတ်ခြင်းဖြစ်သည်ဟု ထုတ်ပြန် ချက်၌ ဖော်ပြထားသည်။ 

အမေရိကန်နိုင်ငံခြားရေးဝန် ကြီးဌာန ကောင်စစ်ဝန်ရေးရာ ဗျူရို၏ မတ်လ ၂၆ ရက် ထုတ်ပြန် ချက်တွင် ရခိုင်ပြည်နယ်အတွင်း ရှိ ဘူးသီးတောင်၊ ကျောက်တော်၊ မောင်တော၊ မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် မြို့နယ်များသည် ခရီးသွားလာရန် မသင့် သောနေရာဒေသ အဆင့်(၂)၌ တည်ရှိခဲ့သည်။ 

မတ်လ ၂၉ ရက် အမေရိ ကန်သံရုံး (ရန်ကုန်)၏ ထုတ်ပြန် ချက်တွင် ချင်းပြည်နယ် မတူပီမြို့ နယ်နှင့် ရှမ်းပြည်နယ် သိန္နီမြို့ နယ်ကို ခရီးသွားလာရန် ပြန်လည် စဉ်းစားသင့်သည့် အဆင့် (၃) နေ ရာသတ်မှတ်ထားကြောင်း ဖော်ပြ ထားသည်။ 

ကောင်စစ်ဝန်ရေးရာဗျူရို၏ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ် နှင့် ထိစပ်နေသည့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အပါအဝင် ကချင်ပြည်နယ်မှ မြို့နယ်ခြောက် ခု၊ ကရင်ပြည်နယ်မှ မြို့နယ်တစ် ခုနှင့် ရှမ်းပြည်နယ်မှ မြို့နယ် ၁၀ ခုကို ခရီးသွားလာရန် မသင့် ကြောင်း ဖော်ပြထားသည်။ 

ခရီးသွားလာရန်မသင့်သည့် တည်နေရာအဆင့် (၄)တွင် ဖော် ပြထားသည့် ရခိုင်ပြည်နယ်ရှိ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့ နယ်နှင့် ကျောက်တော်မြို့နယ်တို့ ၌ တပ်မတော်နှင့် ရခိုင်လက် နက်ကိုင်အဖွဲ့ AA တို့ တိုက်ပွဲများ ဖြစ်ပွားနေသည်။ 

ထို့အပြင် ယင်းမြို့နယ်များ အပါအဝင်ဘူးသီးတောင်၊ ပုဏ္ဏား ကျွန်း၊ ရသေ့တောင်၊ မြေပုံမြို့ နယ်တို့ရှိ ရဲကင်းစခန်းအချို့ကို လုံခြုံရေးအခြေအနေအရ မကြာသေးမီက ရုပ်သိမ်းခြင်း၊ ပေါင်းစည်းခြင်းများ ပြုလုပ်ထားသည်။ 

မတ်လ ၁၅ ရက်တွင် ရှေး ဟောင်းယဉ်ကျေးမှုနယ်မြေတစ် ခုဖြစ်သည့်အပြင် ကမ္ဘာ့အမွေအ နှစ်စာရင်းဝင်ရန် စာရင်းပြုစုနေ ဆဲဖြစ်သည့် မြောက်ဦးယဉ်ကျေး မှုဇုန်အတွင်းသို့ လက်နက်ကြီး ကျည်နှစ်လုံး ကျရောက်ခဲ့သည်။

7Day

0 comments:

Post a Comment