Sunday, March 31, 2019

အီကွေဒေါတွင် အင်အား ၆ ဒသမ ၂ ရှိ ငလျင်လှုပ်


အီကွေဒေါနိုင်ငံ ဆန်တာအယ်လင်နာမြို့မြောက်ပိုင်း ၁၇ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အား ရစ်ခ်ျတာစကေး ၆ ဒသမ ၂ ရှိ ငလျင်တခု မတ်လ ၃၁ ရက်က လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (USGS) က ပြောပါတယ်။ 
နောက်ဆက်တွဲငလျင်တွေလည်း ဆက်လှုပ်ခဲ့တာကြောင့် ဒေသခံတွေ လမ်းမပေါ် ထွက်နေကြရတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ 

အဲဒီငလျင်ကြောင့် ထိခိုက်ပျက်စီးတာနဲ့ ဒဏ်ရာရသူ ရှိမရှိ အစီရင်ခံတာတွေ မရှိသေးပါဘူး။

DVB

0 comments:

Post a Comment