Saturday, March 30, 2019

ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုမှထောက်ခံကြောင်းဆိုင်းဘုတ် ဖြူးမြို့၌ စိုက်ထူ


ပဲခူးတိုင်းဒေသကြီး ဖြူးမြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုထောက်ခံတဲ့ ဆိုင်းဘုတ်ဖွင့်ပွဲကို ဒီနေ့ မနက် ၇ နာရီလောက်က ပြုလုပ်ခဲ့ကြပါတယ်။ 
ဆိုင်းဘုတ်ဖွင့်ပွဲကို ဖြူးမြို့နယ်အတွင်းရှိ ပြည်သူအချို့က ပြုလုပ်ခဲ့တာဖြစ်ပြီး လူဦးရေ ၅၀ လောက် တက်ရောက်ခဲ့ပါတယ်။ 

“၂၀၀၈ ဖွဲ့စည်းပုံကို စပြီး အတည်ပြုတုန်းကလည်း လက်မခံခဲ့ဘူး။ ပြန်ပြီးပြင်မယ်ဆိုတော့ ဝမ်းသာတာပေါ့ဗျာ။ ကျနော့်သဘောအရဆိုရင် အာဏာရှင်ကို သက်ဆိုးရှည်စေတဲ့ ဒီဖွဲ့စည်းပုံ ဥပဒေကို တအုပ်လုံး ဖျက်သိမ်းပစ်တာကို လိုချင်တာ” လို့ ဖွင့်ပွဲတက်ရောက်ခဲ့သူ ဦးဝင်းမြင့် (ကညွတ်ကွင်း) က ပြောပါတယ်။ 

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအား ထောက်ခံတဲ့ ဆိုင်းဘုတ်တွေကို မြို့နယ် အတွင်းရှိ မြို့အားလုံးမှာ စိုက်ထူထားပြီး ခရိုင်မြို့ဖြစ်တဲ့ တောင်ငူမှာလည်း ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုထောက်ခံပွဲကို ဒီနေ့ပြုလုပ်သွားမှာဖြစ်ပါတယ်။ 



သတင်း – ကျော်အောင်(ကညွတ်ကွင်း)
DVB

0 comments:

Post a Comment