Sunday, March 31, 2019

စပိန်ရှိ မြောက်ကိုရီးယားသံရုံးထဲ ချိုးဖောက်ဝင်ရောက်ခံရမှု အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ဟု ပြော


စပိန်နိုင်ငံမှာ အရင်လက မြောက်ကိုရီးယား သံရုံးထဲကို ချိုးဖောက်ဝင်ရောက်ခံရတဲ့ ကိစ္စဟာ အရေးကြီးတဲ့ အကြမ်းဖက် တိုက်ခိုက်မှုပဲလို့ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ကိုယ်စားလှယ်တဦးက မတ်လ ၃၁ ရက်မှာ ပြောပါတယ်။ 
ဒါဟာ ဒီဖြစ်ရပ်အပြီး ပထမဆုံး တရားဝင် မှတ်ချက်ဖြစ်ပြီး စုံစမ်းစစ်ဆေးဖို့ကိုလည်း သူက ဆော်သြပါတယ်။ 

သံရုံးစီးနင်းခံရမှုရဲ့ နောက်ကွယ်မှာ အမေရိကန်ပြည်ထောင်စု ထောက်လှမ်းရေးဗျူရို (FBI) နဲ့ မြောက်ကိုရီးယား ဆန့်ကျင်ရေး အုပ်စုတစုတို့ ရှိနေတယ်ဆိုတဲ့ ကောလာဟလတွေကိုလည်း မြောက်ကိုရီးယား အစိုးရက နီးနီးကပ်ကပ် စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။ 

စီးနင်းမှုနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားက အမေရိကန်အစိုးရကို တိုက်ရိုက် အပြစ်တင်တာမျိုး မလုပ်ပါဘူး။ တာဝန်သိသိနဲ့ စုံစမ်းစစ်ဆေးပေးဖို့ မြောက်ကိုရီးယား အစိုးရက စပိန်အာဏာပိုင်တွေကို တောင်းဆိုထားတယ်လို့ မြောက်ကိုရီးယား အစိုးရမီဒီယာ KCNA က အင်တာနက် စာမျက်နှာပေါ်မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ 

အရင်လက စပိန်နိုင်ငံ မက်ဒရစ်မြို့က မြောက်ကိုရီးယား သံရုံးထဲကို ချိုးဖောက် ဝင်ရောက်တယ်လို့ စွပ်စွဲခံထားရတဲ့ ဘယ်သူဘယ်ဝါ မသိရတဲ့ အုပ်စုတစုက စစ်ဆင်ရေးတွေ ယာယီရပ်ထားတယ်လို့ မတ်လ ၂၈ ရက်မှာ ပြောပါတယ်။ 

အမေရိကန်ကို ထွက်ပြေးသွားတယ်လို့ စပိန် အာဏာပိုင်တွေ ပြောထားတဲ့ သံသယရှိသူ ၂ ဦးကို ဘယ်နိုင်ငံမှာပဲတွေ့တွေ့ ဖမ်းဆီးဖို့ နိုင်ငံတကာ ဖမ်းမိန့်ကို စပိန်တရားသူကြီးက အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

DVB

0 comments:

Post a Comment