နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ လက်ရှိအစိုးရတို့နှင့်တင်းမာသော ဆက်ဆံ ရေးရှိနေသည့် အင်းစိန်ရွာမ ဆရာတော်ထံ ပြည်ခိုင်ဖြိုးနှင့် မိတ်ဖက်ပါတီ ခေါင်းဆောင်များ ၀ါဆိုသင်္ကန်းသွားရောက်ဆက် ကပ်ခြင်းသည် ဘာသာရေးကိစ္စ သာဖြစ်ပြီး နိုင်ငံရေးကိစ္စရပ်များ နှင့်သက်ဆိုင်မှုမရှိဟု သွားရောက် လှူဒါန်းရာတွင် ပါဝင်ခဲ့သည့်နိုင်ငံ ရေး ပါတီခေါင်းဆောင်အချို့က ပြောသည်။
ပြည်ခိုင်ဖြိုးပါတီနှင့် မိတ် ဖက် နိုင်ငံရေးပါတီ ၂၀ ကျော်မှ တာဝန်ရှိသူများက သြဂုတ် ၃ ရက်တွင် အင်း စိန်ရွာမဆရာတော် ဘဒ္ဒန္တတိလောကဘိဝံသထံ ၀ါဆို သင်္ကန်းသွားရောက်ဆက်ကပ် လှူဒါန်းခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးသန်းဌေးလည်း တက် ရောက်ခဲ့သည်။
ရွာမဆရာတော်နှင့် မဟန၊ အစိုးရတို့အကြား လတ်တလော ဆက်ဆံရေး တင်းမာနေချိန်တွင် ပြည်ခိုင်ဖြိုးနှင့် ၎င်း၏မိတ်ဖက် နိုင်ငံရေးအင်အားစုများက ဆရာ တော်ထံ သွားရောက်ခြင်းသည် နိုင်ငံရေးအရ ဆက်နွှယ်မှုလည်း ရှိနိုင်ကြောင်း သုံးသပ်မှုများရှိနေ သည်။
‘‘အချိန်ကာလ တိုက်ဆိုင် တယ်လို့ပြောလို့ရရင်တောင် စု သွားတဲ့လူတွေက ငယ်ပေါင်းကြီး ဖော်တွေလည်းမဟုတ်ဘူး၊ လုပ် ဖော်ကိုင်ဖက်တွေလည်း မဟုတ် ဘူး။ အားလုံးက ကိုယ့်ပါတီနဲ့ ကိုယ် လှုပ်ရှားနေတဲ့ခေါင်းဆောင် တွေချည်းပဲ။ ဒီလိုအချိန်မျိုးမှာ စု ပြီးသွားတယ်ဆိုကတည်းကဘယ် အတွက်လဲဆိုတဲ့ကိစ္စ ထင်ရှား ပါတယ်’’ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသီဟသွေးက သုံး သပ်သည်။
သို့သော် ဆရာတော်ထံ သွားရောက်လှူဒါန်းခဲ့သည့် ပါတီ များကမူ ထိုသို့ဝေဖန်မှုများကို ပယ်ချသည်။ ‘‘ဗုဒ္ဓဘာသာ ကိုး ကွယ်တဲ့သူက ကိုယ်ကိုးကွယ်တဲ့ ဆရာတော်ကို သွားရောက်တွေ့ ဆုံခြင်းပဲဖြစ်တယ်။ နိုင်ငံရေးအ ခြေအနေက နိုင်ငံရေးအခြေအ နေပဲ။ ဒါကတော့ သီးခြားစီဖြစ်ပါ တယ်’’ဟု ပြည်ခိုင်ဖြိုးပါတီ ပြော ရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ပြောသည်။
အလားတူ ဆရာတော်ထံ ၀ါဆိုသင်္ကန်းကပ်လှူရာတွင် ပါ ၀င်ခဲ့သည့် အမျိုးသားဒီမိုကရေစီ ပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်က လည်း ဗုဒ္ဓဘာသာဝင်များက ထေရ်ကြီးဝါကြီးဆရာတော်များ ထံဝါတွင်းကာလ၌ သင်္ကန်းကပ် လှူခြင်းသည် သာမန်ကိစ္စရပ် တစ်ခုသာဖြစ်၍ သီးခြားမှတ်ချက် ပေးရန်မရှိဟုဆိုသည်။
‘‘ကျွန်တော်တို့ ပါတီတွေက လေးစားကြည်ညိုမှု ရှိတယ်ဆို တာကို အသိအမှတ်ပြုပြီးတော့ ဆရာတော်ကြီးကို သွားပြီးတော့ ၀ါဆိုသင်္ကန်းဆက်ကပ်တာ၊ သီ လယူတာပါပဲ’’ဟု ခေတ်သစ်ပြည် သူ့ပါတီဥက္ကဋ္ဌ ဦးထွန်းအောင် ကျော်ကလည်း ပြောသည်။
အဆိုပါ တွေ့ဆုံမှုအတွင်း ဘာသာ သာသနာအတွက် ၀ိုင်း ၀န်းစောင့်ရှောက်ရန် အင်းစိန် ရွာမဆရာတော်က နိုင်ငံရေးပါတီ ခေါင်းဆောင်များအား တိုက်တွန်း မိန့်ကြားခဲ့ပြီး ပါတီခေါင်းဆောင် များကလည်း သာသနာတော်၌ ဂိုဏ်းကွဲခြင်း၊ သင်းကွဲခြင်းကိုမလို လားဘဲ သံဃာတော်များညီညွတ် မှုရှိရေးကို လိုလားကြောင်း ပြန် လည်လျှောက်ထားခဲ့သည်ဟု၎င်း ကရှင်းပြသည်။
ပြည်ခိုင်ဖြိုးနှင့် မိတ်ဖက် ပါတီများသည် ရွေးကောက်ပွဲ အတွက် ဆွေးနွေးမှုများကို အင်း စိန်ရွာမကျောင်းတိုက်၌ ယခင် နှစ်အတွင်း နှစ်ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ဖူးသည်။ အဆိုပါဆွေး နွေးပွဲများ၌ ဆရာတော်ထံမှ သြ၀ါဒခံယူမှုများရှိရာ အမျိုးဘာ သာသာသနာအတွက် နိုင်ငံရေး ပါတီများကလည်း ပူးပေါင်း ဆောင်ရွက်ပေးရန် ဆရာတော်က မိန့်ကြားခဲ့ဖူးသည်။
အင်းစိန်ရွာမဆရာတော် သည် ယခင်မဘသအဖွဲ့နှင့် ယင်း အဖွဲ့ကို အမည်ပြောင်းထားသည့် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းတို့ ကို ဦးဆောင်တည်ထောင်ခဲ့ပြီး အဆိုပါအဖွဲ့များကိုတရားမ၀င် ဟု နိုင်ငံတော်သံဃမဟာနာယက အဖွဲ့က ကြေညာထားသည်။
ယခုနှစ် ဇွန်လအတွင်း ပြု လုပ်ခဲ့သော ဗုဒ္ဓဓမ္မပရဟိတဖောင် ဒေးရှင်း၏ ညီလာခံတွင် လက်ရှိ အစိုးရလက်ထက် အမျိုးဘာသာ သာသနာကို ထိခိုက်စေနိုင်သည့် ဆောင်ရွက်ချက်များကို ပြင်းထန် စွာ ကန့်ကွက်ကြောင်းနှင့် ထိုသို့ ဘာသာသာသနာကို ပျက်စီး အောင် ပြုလုပ်နေသူများကို ဆန္ဒ မဲမပေးခြင်းအပါအ၀င် ရသည့် နည်းဖြင့်ဆန့်ကျင်ရန် တိုက်တွန်း ချက်များပါဝင်သည့် သဘောထား ကြေညာချက်ကို ထုတ်ပြန်ခဲ့ သည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်း မဟနအဖွဲ့က ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌဆရာတော်တို့ကို ဆုံးမ သြ၀ါဒပေးရန် ဖိတ်ကြားခဲ့သော် လည်း အင်းစိန်ရွာမဆရာတော်က ကိုယ်တိုင်ကြွရောက်ခြင်းမရှိ ဘဲ ဒုတိယဥက္ကဋ္ဌဆရာတော်မှ တစ်ဆင့် စာဖြင့်သာအကြောင်း ပြန်ထားသည်။
အဆိုပါဖြစ်စဉ်များအပြီး ဇူ လိုင် ၃၀ ရက်တွင် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဗုဒ္ဓ ဓမ္မပရဟိတဖောင်ဒေးရှင်းအပေါ် ဓမ္မစက်ဖြင့် ဆောင်ရွက်သည့် ကာလ ကုန်ဆုံးသွားပြီဖြစ် ကြောင်း၊ အာဏာစက်ဖြင့်ဆောင် ရွက်နိုင်ရန် အစိုးရထံတင်ပြထား ကြောင်း သတင်းထုတ်ပြန်ထား သည်။
‘‘ဆရာတော်ကြီးနဲ့ သူ့ရဲ့ အဖွဲ့အစည်းတွေကို ထိထိရောက် ရောက်အရေးယူတော့မယ်ဆိုတဲ့ အချိန်မှာ ဒီလိုမျိုးရပ်တည်ပြတာ ပေါ့ဗျာ။ NLD (အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီ) ဆန့်ကျင်တဲ့ အင်အားစုတွေအနေနဲ့က ဆရာ တော်ကြီးအပေါ် အရေးယူမှုမှာ ဆရာတော်ကြီးဘက်ကနေအား ပေးရပ်တည်တယ်ဆိုတဲ့ လက္ခ ဏာကို ပြတယ်လို့ ပြောလို့ရတာ ပေါ့’’ဟု ဦးသီဟသွေးက သုံးသပ်သည်။
7Day






0 comments:
Post a Comment