Tuesday, August 27, 2019

ကျောင်းသား/သူများ၏စွမ်းဆောင်ရည် အမြင့်ဆုံးနှင့်အကောင်းဆုံးဖြစ်စေရန် သင်ရိုးများပြောင်းလဲခြင်းဖြစ်ဟု ဆို

 bzavav
ကျောင်းသား၊ ကျောင်းသူများ၏စွမ်းဆောင်ရည် အမြင့်ဆုံးနှင့် အကောင်းဆုံးဖြစ်စေရန် သင်ရိုးညွှန်းတမ်းများ ပြောင်းလဲခြင်းဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးကပြောသည်။

ပညာရေးဝန်ကြီးဌာနအခြေခံဦးစီးဌာနသို့ 360 Ed မှ(Augmented Reality-AR)ခေါ် သုံးဖက်မြင် ရုပ်လုံးကြွ နည်းပညာကိုသုံး၍ သင်ကြားသင်ယူမှုအထောက်အကူပြု Learning App များပေးအပ်လှူဒါန်းပွဲ အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
“သင်ယူမှုအားကောင်းရန်နဲ့ ကျောင်းသားကျောင်းသူများ၏စွမ်းဆောင်ရည်ကို အမြင့်ဆုံးနဲ့ အကောင်းဆုံးဖြစ်စေဖို့ သင်ရိုးညွှန်းတမ်းများကိုပြောင်းလဲခြင်းဖြစ်ပါတယ်။ ၂၁ ရာစုနှစ်တွင် ဘာသာရပ် သင်ရိုးညွှန်းတမ်းများမှာ (Internet of Things-IOT), Big data, cyber-physical systems or robotics နည်းပညာတို့နဲ့ပေါင်းစပ်ဆောင်ရွက်ဖို့လို့အရေးကြီးတဲ့အတွက် သင်ရိုးညွှန်းတမ်းများကို (Industry Revolution 4.0)နဲ့လိုက်လျောညီထွေရှိ‌စေရန်နဲ့ပေါင်းစပ်ဘာသာရပ်နယ်ပယ်များအဖြစ် အသိပညာပေးနိုင်ရန် ဦးတည်ဆောင်ရွက်ဖို့လိုအပ်ပါတယ်” ဟု ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။
ကျောင်းသားကျောင်းသူများကို လူသားကောင်းများဖြစ်လာစေရန်၊ တစ်ဦးနှင့်တစ်ဦးနားလည်မှုရှိပြီး အပြန်အလှန်လေးစားကူညီတတ်သည့် စိတ်ဓာတ်ကောင်းများ၊ အများနှင့်ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရှိရန်နှင့် အကူအညီပေးသည့် ကျေးဇူးတန်ဖိုးကိုသိရှိနားလည်တတ်သူများ ဖြစ်လာစေရန် လေ့ကျင့်သင်ကြားပေးရမည်ဖြစ်ကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
ယခုစာသင်နှစ်တွင် Grade-6 စာအုပ်များကိုအသုံးပြုနေပြီဖြစ်ကာ လာမည့်ပညာသင်နှစ်တွင် Grade-4 ၊ Grade-7 နှင့် Grade-10 သင်ရိုးညွှန်းတမ်းစာအုပ်အသစ်များအသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

ချမ်းငြိမ်း(အကုန်သိသတင်းဌာန)

0 comments:

Post a Comment