Thursday, August 29, 2019

မြောက်ပိုင်းအဖွဲ့မှ ပြည်သူပိုင် ယာဉ်၊ တံတားများအား ပစ်မှတ်ထား၍ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်

Image may contain: outdoor

ယနေ့ သြဂုတ်လ(၃၀) ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-သိန်းနီကြား၊ ပန်ဖတ် နှင့် မိုင်းလီကျေးရွာကြား၊ မိုင်တိုင် 192/5-6 ကြားတွင် လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့သည် ခရီးသည်တင်မှန်လုံယာဉ်တစ်စီးနှင့် ဈေးသည်ဆိုင်ကယ်တစ်စီးတို့အားမီးရှို့ ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။

အလားတူ မြောက်ပိုင်းအကြမ်းဖက်အဖွဲ့ မှ သြဂုတ် ၂၉ ရက်နေ့ ည ၇ နာရီဝန်းကျင်တွင် ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ရွာအဝင်မှာ ကားတစ်စီးမီးရှို့ဖျက်ဆီးခဲ့ပြီး၊ မနက်ပိုင်း ၉ နာရီခွဲတွင်လည်း ရှုခင်းသာမှာ တွဲကားတစ်စီးအား မီးရှို့ဖျက်ဆီးခဲ့သည်။
မြောက်ပိုင်းအကြမ်းဖက်အဖွဲ့သည် ပြည်သူများ အသုံးပြုသော တံတားများကို ဖျက်ဆီးလျက်ရှိပြီး မော်တော်ယာဉ်အချို့ကိုလည်း အလားတူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လက်ရှိအချိန်တွင် တပ်မတော်မှ အဆိုပါ နေရာများကို နယ်မြေရှင်းလင်းရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Image may contain: sky, outdoor and nature
Image may contain: outdoor
Image may contain: mountain, sky, outdoor and nature
Image may contain: sky, mountain, outdoor and nature
Image may contain: cloud, sky, outdoor and nature
Image may contain: outdoor
Image may contain: mountain, outdoor and nature

0 comments:

Post a Comment