Thursday, August 29, 2019

ပြည်တွင်းပြည်ပ သတင်းမီဒီယာများ ပါဝင်သော သတင်းအဖွဲ့ လှဖိုးခေါင်ကြားစခန်းသို့ သွားရောက် သတင်းရယူ

Image may contain: one or more people, people standing, grass, mountain, outdoor and nature
ပြည်တွင်း ပြည်ပသတင်းမီဒီယာများပါဝင်သောသတင်းအဖွဲ့သည် သြဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့မှစစ်တွေမြို့သို့ရောက်ရှိကြပြီး အငူမောမှတစ်ဆင့် မော်တော်ယာဉ်များဖြင့် မောင်တောမြို့သို့ ရောက်ရှိကြသည်။

မွန်းလွဲပိုင်းတွင် သတင်းမီဒီယာအဖွဲ့သည် မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထူးနှင့်တွေ့ဆုံရာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးက သတင်းမီဒီယာအဖွဲ့၏ သိရှိလိုသည်များကို ဖြေကြားသည်။
ထို့နောက် သတင်းမီဒီယာအဖွဲ့သည် လှဖိုးခေါင်ကြားစခန်းသို့ ရောက်ရှိကြရာ လှဖိုးခေါင်ကြားစခန်းတာဝန်ခံ ဦးစိုးရွှေအောင်(ညွှန်ကြားရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန)က မေးမြန်းချက်များကို ရှင်းလင်းဖြေကြားသည်။
သတင်းမီဒီယာအဖွဲ့တွင် Courrier Japon၊ Nishinipon Shimbun၊ Nippon TV၊ VOA၊ BBC၊ MRTV၊ MITV၊ MIRနှင့် MNA သတင်းဌာနတို့မှ သတင်းသမားများပါရှိသည်။
သတင်းမီဒီယာအဖွဲ့များ ရခိုင်ပြည်နယ် မောင်တောဒေသသို့ သွားရောက်သတင်းရယူမှုအနေဖြင့် ယခုအကြိမ်နှင့်ဆိုလျှင် စုစုပေါင်း ၃၄ ကြိမ်ရှိပြီဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၇ ခုနှစ်တွင် ရှစ်ကြိမ်၊ ၂၀၁၈ ခုနှစ်တွင် အကြိမ် ၂၀၊ ၂၀၁၉ ခုနှစ်တွင် ငါးကြိမ်ဖြစ်ကြောင်း သိရှိရသည်။

0 comments:

Post a Comment