ဩဂုတ်လ ၂၆ ရက်နေ့ ၁၁၀၀ အချိန် ဖားကန့်မြို့နယ်၊ ကရင်ချောင် ကျေးရွာ အ.မ.က(မူလွန်)၌ ကျောင်းသား ၂၁၅ ဦးရှိသည့်အနက် ကျောင်းသား/ သူ ၈၀ ဦး ရာသီဆင်တုပ်ကွေးဖျားနာမှုကြောင့် ကျောင်းခေတ္တပိတ်ထားရ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
အဆိုပါကျောင်းတွင် ကျောင်းသား/ သူ ၈၀ ဦး ခန့်မှာ ရာသီ ဆင်တုပ်ကွေး ဖျားနာရောဂါ (မစိုးရိမ်ရ)ဖြစ်ပွားနေသဖြင့် အခြား ကျောင်းသား/ သူများထံ မကူးစက်စေရန် ဩဂုတ်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျောင်းအား ခေတ္တပိတ်ထားခြင်းဖြစ်ကြောင်းနှင့် အဆိုပါ ရောဂါဖြစ်ပွားနေသည့် ကျောင်းသား/သူများအား ကရင် ချောင်ကျေးရွာ ဘုန်းကြီးကျောင်း၌ ယာယီဆေးခန်းဖွင့်လှစ်ပြီး ဆေးဝါးကုသ ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
The Ladies News
0 comments:
Post a Comment