Monday, August 26, 2019

ဟိုတယ်နှင့်တည်းခိုရိပ်သာများအတွက် ယစ်မျိုးဥပဒေ မူကြမ်း ရေးဆွဲပြီးစီး

ဟိုတယ်တွေနဲ့ တည်းခိုရိပ်သာတွေကို ယစ်မျိုးလိုင်စင် ချထားပေးဖို့ ယစ်မျိုးဥပဒေ(မူကြမ်း) ရေးဆွဲထားပြီးဖြစ်လို့ သမ္မတရုံး ညွှန်ကြားချက်နဲ့ ညီမညီစိစစ်နေတယ်လို့ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဒုဝန်ကြီး ဦးတင်မြင့်က ပြောပါတယ်။

ဒီကနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဒုဝန်ကြီးက ပြည်ထောင်စု အစိုးရအဖွဲ့က ပေးပို့ထားတဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ၆ လပတ် အခွန်ဝင်ငွေစာရင်းနဲ့ စပ်လျဉ်းပြီး ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာနဲ့ လွှတ်တော်ကိုယ်စားလှယ်တို့ရဲ့ ဆွေးနွေးချက်တွေ အပေါ် ပြန်လည်ရှင်းလင်းစဉ်မှာ အခုလို ပြောဆိုလိုက်တာပါ။
ဒုဝန်ကြီး ဦးတင်မြင့်က “စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ ဥက္ကဋ္ဌ အဖြစ် ဦးဆောင်သော အရက်၊ ဘီယာ၊ ဝိုင်(ယမကာ) ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချမှု ဆိုင်ရာ ကြီးကြပ်ညှိုနိုင်းရေး ကော်မတီကို ဖွဲ့စည်းထားရှိပြီး ပြည်ပမှ နိုင်ငံခြားအရက် တင်သွင်း နိုင်ရေး၊ ဟိုတယ်၊ တည်းခိုရိပ်သာများအတွက် ယစ်မျိုးလိုင်စဉ်များ ခွင့်ပြုပေးနိုင်ရေးနှင့် ယစ်မျိုးဥပဒေ (မူကြမ်း) ရေးဆွဲထားရှိမှုအပေါ် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်နှင့် ညီညွတ်ခြင်း ရှိ/ မရှိ စီစစ်ဆောင်ရွက်လျက်ရှိပါတယ်”လို့ ဆိုပါတယ်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပထမ ၆ လအတွင်း ယစ်မျိုးခွန် ကောက်ခံရရှိနိုင်ဖို့ ကျပ်သန်းပေါင်း ၄၉၀.၂၇၅ သန်း လျာထားခဲ့ပေမယ့် ကျပ်သန်းပေါင်း ၇၀၇.၄၅၃ သန်းအထိ ရရှိခဲ့တယ်လို့လည်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံး စာရင်းတွေအရ သိရပါတယ်။

DVB

0 comments:

Post a Comment