Thursday, August 29, 2019

အုပ်စုဖွဲ့ဆိုင်ကယ်ခိုးယူနေသည့် လူငယ်သုံးဦး ဖမ်းမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့ အမှတ်(၃)ရပ်ကွက်ရှိ ဟိုတယ်တစ်ခုတွင် ဩဂုတ်လ ၂၈ ရက် ည ၁၁ နာရီခွဲခန့်က အုပ်စုဖွဲ့ကာ ဆိုင်ကယ်များခိုးယူနေသည့် လူငယ်သုံးဦးကို ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှူး ဒုရဲမှူးတင်မောင်ဆွေက ပြောကြားသည်။
“ဟိုတယ်ထဲမှာ မိုင်းခတ်မြို့ကနေ မသင်္ကာဖွယ်လူငယ်သုံးဦး ရောက်နေတယ်လို့ သတင်းရတဲ့အတွက် သွားရှာဖွေချိန်မှာ ဆိုင်ကယ်တစ်စီးနဲ့အတူ ဖမ်းမိခဲ့တယ်။ သူတို့ရပ်ရွာမှာ ရောင်းချထားပြီး ပြန်သိမ်းနိုင်ခဲ့တာ လောလောဆယ် ၁၂ စီး ရထားပြီ”ဟု ၎င်းက ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျစီး (ခ) ယာကွဲ (၁၉ နှစ်)၊လောအေး (၂၀ နှစ်) နှင့် ကျမော့ (၂၄ နှစ်) တို့သုံးဦးကို (ပ) ၁၀၁၂/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ-၃၇၉/ကျင့်-၅၄ ဖြင့် အရေးယူကာ စစ်ဆေးနေကြောင်း ကျိုင်းတုံမြို့မရဲစခန်းထံမှ သိရသည်။
The Voice

0 comments:

Post a Comment