Thursday, August 29, 2019

သူငယ်ချင်းတွေနဲ့ စုပေါင်းပြီး အမှတ်တရသီချင်းခွေစီစဉ်တဲ့ပိုးမီ

ဂီတလောကတွင် အတွဲများသည့် သူငယ်ချင်းငါးဦးစု ပေါင်း၍ အမှတ်တရအဖြစ် သီချင်းခွေစီစဉ်ခြင်းဖြစ်ကြောင်း ပိုးမီက ပြောသည်။

‘‘ဒီအခွေထဲမှာ ပါတဲ့ သူငယ် ချင်းတွေက အပြင်မှာလည်း အမြဲ သွားလာ၊ စားသောက်တွေ့ဖြစ် တယ်။ အဲဒီလို တွေ့ဖြစ်တော့ စိတ်ကူးရတာက မင်းရတုပိုင်နဲ့စပြီး သူငယ်ချင်းတွေကြားမှာ အမှတ်တရ လေးဖြစ်အောင်၊ အခွေလေး လုပ်ရအောင်ဆိုပြီး လုပ်ဖြစ်သွားတာ’’ ဟု ၎င်းက ပြောသည်။
သီချင်းခွေအမည်ကို သူငယ်ချင်းဟု အမည်ပေးထားပြီး မင်း ရတုပိုင်၊ ဂေးဂေး၊ ပိုးမီ၊ မေမဒီနှင့် ဖြူဖွေးတို့ပါဝင်သီဆိုထားသည်။ 
‘‘အတွဲသီချင်းတော့မပါဘူး။ တစ်ယောက်ကို နှစ်ပုဒ်ပါတယ်။ စုစုပေါင်း ၁၀ ပုဒ်၊ နှစ်ပုဒ်စီက အသစ်စက်စက် သီချင်းတစ်ပုဒ် စီ ပါတယ်။ ကိုယ်ကြိုက်တဲ့သီချင်း ကို ပြန်ဆိုတေးအနေနဲ့ Music ပုံစံပြောင်းပြီး ဆိုထားတာ တစ်ပုဒ်စီပါတယ်’’ဟု ပိုးမီကပြောသည်။ 
ယင်းအခွေတွင် ပိုးမီက သီချင်းအဟောင်းအနေဖြင့် ထွန်းအိန္ဒြာဗို၏ ‘သေခန်းပြတ်ပဲသူငယ် ချင်း’ သီချင်းကို ပြန်လည်သီဆို ထားပြီး သီချင်းအသစ်သည် R&B ပုံစံဖြစ်ကြောင်း ၎င်းက ဆိုသည်။
‘‘ပိုးမီ အရင်ကမဆိုဖူးတဲ့ပုံစံ မျိုးလေး။ အရင်က Pop တို့၊ Rock တို့ပဲဆိုတာ များတယ်။ ဒါလေးကိုတော့ ကြိုးစားပြီးဆိုထားပါတယ်’’ ဟု ပိုးမီက ပြောသည်။ 
ယင်းအခွေကို စက်တင်ဘာ ၇ ရက်တွင် ဖြန့်ချိမည်ဖြစ်ပြီး ပရိသတ်ကြိုက်နှစ်သက်မည့် သီချင်းများကို ရွေးချယ်ထားသော ကြောင့် အားပေးမှုရရှိရန် မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။
‘‘ကိုယ့်တစ်ယောက်တည်း ရဲ့ ကြိုးစားမှုမဟုတ်ဘဲ သူငယ်ချင်းတွေအားလုံးနဲ့ အမှတ်တရ လေး၊ ကိုယ်တွေအသက်ကြီးသွား ရင်လည်း ဘယ်အချိန်ပြန်ကြည့် ကြည့် ဒါလေးက လတ်ဆတ်တဲ့ အမှတ်တရအနေနဲ့ ကျန်ခဲ့မှာ။ ပရိသတ်တွေကိုလည်း အများကြီး အားပေးစေချင်တယ်။ ဒီအခွေ အပေါ်မှာ အများကြီးတော့ မျှော်လင့်ထားတယ်’’ ဟု ပိုးမီက ပြော သည်။ တစ်ကိုယ်တော်အခွေသစ် အတွက်  သီချင်းများ ပြင်ဆင်နေပြီး သီတင်းကျွတ်ကာလအတွက် လည်း မင်းရတုပိုင်နှင့် သီချင်း သစ်တစ်ပုဒ် ဖြန့်ချိနိုင်ရန် စီစဉ် ထားကြောင်း ပိုးမီက ပြောသည်။ 
အလှအပဆိုင်ရာ ခွဲစိတ်ပြုပြင်ထားသည့်အပေါ် ပိုးမီက ‘‘ဒီအတိုင်းနေရင်တော့ မသိသာဘူး။ ဒါပေမဲ့ အရင်က ဓာတ်ပုံတွေ ပြန် တက်လာရင် တော်တော်ကွာသွား တာပဲဆိုပြီး အံ့သြယူရတယ်။ တော်တော်ကံကောင်းပါလားလို့။ ဒီလိုမျက်နှာအသစ်တစ်ခု ပိုင်ဆိုင် ခွင့်ပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်တယ်’’ ဟု   ပြောကြားသည်။

7Day

0 comments:

Post a Comment